ဓာတ်ပုံ- Google (ပုံဟောင်း)

ပျားကြီး၊ ဇန်နဝါရီ ၁၁ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်မှာ လျှပ်စစ်မီး ရရှိမှုက တစ်ရက်ကို ပျမ်းမျှ တစ်နာရီအောက်သာ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းကစပြီး မီး ရရှိမှုဟာ သိသိသာသာ လျော့နည်းလာတာဖြစ်ပြီး တစ်ရက်ကို မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြားသာ ရရှိနေတာ ဖြစ်ပါတယ်။

“ထမင်းအိုးတောင် မကျက်တော့ဘူး။ နန်းတွင်းကလွဲရင် တစ်မြို့လုံး အမှောင် ကျနေတာ။ တစ်ကယ်ကို ဒုက္ခရောက်ပါတယ်” လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံ အငြိမ်းစားဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို မီးရရှိမှု လျော့ကျရတာဟာ အမှန်တစ်ကယ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ ၂,၂၀၀ မဂ္ဂါဝပ်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်တာကို တွေ့ရပါတယ်။

အခုလို ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏ လျော့နည်းတာကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းတစ်ခုလုံးကို ဖြန့်ဖြူးပေးနိုင်တဲ့ပမာဏ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကိုပဲ ပေးနိုင်တော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အား ရရှိမှု မရှိသလောက် နည်းပါးတာကြောင့် မန္တလေးက အသေးစား လုပ်ငန်းအများစု လုပ်ငန်း ရပ်ဆိုင်းထားရတာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။