ဓာတ်ပုံ – Aung Tun Linn

မိုင်းရူပ၊ ဇူလိုင် ၂၄ ရက်၊ မြဝတီ

ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ သောင်ရင်းမြစ်ရေ မြှင့်တက်လာတာကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ နစ်မြှုပ်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မိုးကတော့ ဒီနေ့တိတ်တယ်။ ရေကတော့ တက်နေတုန်းပဲ။ အနိမ့်ပိုင်းမှာ နေတဲ့သူတွေ အကုန်နစ်မြှုပ်ကုန်ပြီလေ။ အလယ်ပိုင်းမှာ နေတဲ့သူတွေလည်း စိုးရိမ်နေရတယ်” လို့ ဒီနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းရဲ့ အခြေအနေကို မြဝတီမြို့ခံတစ်ဦးက ပြောပြပါတယ်။

နေအိမ်နစ်မြှုပ်သွားတဲ့သူတွေအတွက် ရေဘေးနဲ့ လွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှူးဦးစီးဌာနကလည်း သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်း ၃ ပေခန့်ထက် မြှင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တာချီလိတ်၊ ရွှေကျင်၊ မဒေါက်နဲ့ ငသိုင်းချောင်း စတဲ့မြို့က မြစ်ကမ်းဘေးအနီး နေထိုင်တဲ့သူတွေ၊ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့ စစ်ကောင်စီရဲ့ မိုးဇလက သတိပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်မှာ ဝီဖာမုန်တိုင်းရဲ့ အရှိန်ကြောင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်တွေမှာ ရေကြီး၊ မြေပြိုတာတွေ ကြုံတွေ့ရနိုင်လို့ သဘာဝဘေးကို သတိထားဖို့ မနေ့ ဇူလိုင် ၂၃ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။