ဓာတ်ပုံ – The Kokang

မိုင်းပန်ပျော်၊ မေလ ၂၉ ရက်၊ မိုင်းဝီး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ပန်ဟန်ကြီးကျေးရွာအုပ်စုထဲက ဟိုတီးကျေးရွာနဲ့ စယ်နေကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်-MNDAA က ဓားပြတိုက်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ အဲဒီအမျိုးသား ၂ ဦးဟာ ကွတ်ခိုင်မြို့နယ် ဟိုရီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ်ကို ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေက MNDAA တပ်ကို တိုင်ကြားခဲ့ပြီးနောက် အဲဒီအမျိုးသား ၂ ဦးကို နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ စယ်နေကျေးရွာ‌ဒေသခံအမျိုးသားတစ်ဦးက‌ ရွှေဖီမြေကို ပြောပါတယ်။

“သူတို့နှစ်ယောက် ဟိုရီးမှာ မီးသွေးသွားဖုတ်တာ အဲ့ဒါနဲ့ သူတို့နှစ်ယောက်ကို ဟိုရီးကျေးရွာကလူတွေ သူတို့ ၂ ယောက်ကို ဓားပြတိုက်တယ်လို့ ကိုးကန့်ကို သွားတိုင်တာ။ ကိုးကန့်က သူတို့နှစ်ယောက်ကို လာဖမ်းပြီး နမ့်ဖတ်ကာတိုက်နယ်ရုံးမှာသွားထားတာ။ အဲ့နောက် ကျနော်နဲ့ ဟိုရီးဥက္ကဌနဲ့ သူတို့ ၂ ယောက် ဓားပြတိုက်ခဲ့တယ်လို့ တိုင်တဲအိမ်သွားမေးတာ သူတို့ပြော သူတို့မတိုင်ရဘူးလို့ ပြောတာ”

ပုဂ္ဂိုလ်မကျေနပ်ချက်နဲ့ တိုင်ကြားတာလည်း ဖြစ်နိုင်လို့ အဲဒီအမျိုးသား ၂ဦးရဲ့ ဓားပြတိုက်မှုကို ကိုးကန့်တပ်အနေနဲ့ အမှုကို သေချာစီစစ်ပြီးမှသာ အမိန့်ချဖို့ ကျေးရွာခံတွေက တောင်းဆိုနေကြပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးကို ဓားပြလို့စွပ်စွဲပြီး သေဒဏ်ပေးဖို့ MNDAA တပ်က ပြင်ဆင်နေတယ်လို့ ‌ဒေသခံတွေပြောပေမဲ့ ရွှေဖီမြေအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ ပြီးခဲ့တဲ့ မေလ ၅ ရက်မှာလည်း တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ နမ့်မောကျေးရွာက ဥက္ကဌကို ကိုးကန့်တပ်မတော်-MNDAA က တပ်သား ၂ ဦးက အကြောင်းမဲ့ ပါးရိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။