ဓာတ်ပုံ – The Kokang

မိုင်းပန်ပျော်၊ မေလ ၂၉ ရက်၊ မိုင်းဝီး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ပန်ဟန်ကြီးကျေးရွာအုပ်စုထဲက ဟိုတီးကျေးရွာနဲ့ စယ်နေကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်-MNDAA က ဓားပြတိုက်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ အဲဒီအမျိုးသား ၂ ဦးဟာ ကွတ်ခိုင်မြို့နယ် ဟိုရီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ်ကို ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေက MNDAA တပ်ကို တိုင်ကြားခဲ့ပြီးနောက် အဲဒီအမျိုးသား ၂ ဦးကို နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ စယ်နေကျေးရွာ‌ဒေသခံအမျိုးသားတစ်ဦးက‌ ရွှေဖီမြေကို ပြောပါတယ်။

“သူတို့နှစ်ယောက် ဟိုရီးမှာ မီးသွေးသွားဖုတ်တာ အဲ့ဒါနဲ့ သူတို့နှစ်ယောက်ကို ဟိုရီးကျေးရွာကလူတွေ သူတို့ ၂ ယောက်ကို ဓားပြတိုက်တယ်လို့ ကိုးကန့်ကို သွားတိုင်တာ။ ကိုးကန့်က သူတို့နှစ်ယောက်ကို လာဖမ်းပြီး နမ့်ဖတ်ကာတိုက်နယ်ရုံးမှာသွားထားတာ။ အဲ့နောက် ကျနော်နဲ့ ဟိုရီးဥက္ကဌနဲ့ သူတို့ ၂ ယောက် ဓားပြတိုက်ခဲ့တယ်လို့ တိုင်တဲအိမ်သွားမေးတာ သူတို့ပြော သူတို့မတိုင်ရဘူးလို့ ပြောတာ”

ပုဂ္ဂိုလ်မကျေနပ်ချက်နဲ့ တိုင်ကြားတာလည်း ဖြစ်နိုင်လို့ အဲဒီအမျိုးသား ၂ဦးရဲ့ ဓားပြတိုက်မှုကို ကိုးကန့်တပ်အနေနဲ့ အမှုကို သေချာစီစစ်ပြီးမှသာ အမိန့်ချဖို့ ကျေးရွာခံတွေက တောင်းဆိုနေကြပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးကို ဓားပြလို့စွပ်စွဲပြီး သေဒဏ်ပေးဖို့ MNDAA တပ်က ပြင်ဆင်နေတယ်လို့ ‌ဒေသခံတွေပြောပေမဲ့ ရွှေဖီမြေအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ ပြီးခဲ့တဲ့ မေလ ၅ ရက်မှာလည်း တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ နမ့်မောကျေးရွာက ဥက္ကဌကို ကိုးကန့်တပ်မတော်-MNDAA က တပ်သား ၂ ဦးက အကြောင်းမဲ့ ပါးရိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။