ဓာတ်ပုံ – CJ

လွေးထွေး၊ ဇွန်လ ၄ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသ ပန်ကိုင်ပန်လောအုပ်စု ဟိုခိုရွာက သာသနာ့ပိုင်နယ်မြေထဲကို ကိုးကန့်တပ် MNDAA က စစ်ဆေးရေးဂိတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‌ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကတည်းက မိုင်းယုလေးဒေသ ဟိုခိုရွာရဲ့ အလှူခံနေရာဖြစ်တဲ့နေရာကို ရွာခံတွေနဲ့ တိုင်ပင်ဆွေးနွေးတာမရှိဘဲ MNDAA က ဖျက်ဆီးပြီး ဂိတ်စောင့်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ရွာခံတွေရဲ့ ကန့်ကွက်မှုကြောင့် အလှူခံနေရာဘေးမှာ ဂိတ်ကို ပြန်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဟိုခိုရွာမှ တာဝန်ရှိသူက “ကျနော်တို့နဲ့ တိုင်ပင်တာမရှိဘူး။ ဒီအတိုင်းလာလုပ်တာဖြစ်တယ်။ ကျနော်တို့က ပေးမလုပ်စေချင်ဘူး။ ရွာအဝင်အထွက်နေရာလည်းဟုတ်တယ်။ သာသနာ့မြေလည်းဟုတ်တယ်ပေါ့။ အဲဒါကို ဒီအနီးအနားမှာရှိတဲ့ သူတို့ လူကြီးနဲ့ သွားပြောတယ် သူတို့နဲ့ မဆိုင်ဘူးတဲ့” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းစုံကို ကွတ်ခိုင်ရှိ MNDAA ရဲ့ မြို့နယ်ရုံးထံ စာပို့ထားပေမဲ့ ဒီနေ့ ဇွန် ၄ ရက် မနက်ပိုင်းအထိ အကြောင်းပြန်လာတာ မရှိကြောင်း သူက ဆိုပါတယ်။

နောက်ထပ်ရွာခံ အမျိုးသမီးက “ကျမတို့ရွာအဝင်အထွက်မှာ သူတို့လုပ်မယ်ဆိုရင် လက်နက်ကိုင်ဖြစ်နေတာကြောင့် ကျမတို့အတွက် စိုးရိမ်စရာတွေ များလာမယ်။ လူမျိုးမတူ စကားမတူတော့ ပိုစိတ်ပူရတယ်။ အထူးသဖြင့် ကျမတို့ အမျိုးသမီးတွေအတွက်လည်း အသွားအလာက အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

၎င်းနေရာမှာ MNDAA က ဂိတ်ဆောက်လုပ်တာမပြီးခင် သက်ဆိုင်ရာက တားမြစ်ပေးကြဖို့ ရွာခံတွေက တောင်းဆိုထားကြပါတယ်။

အလားတူ ကွတ်ခိုင်မြို့ လွယ်ဆမ်ဆစ်တောင်ခြေရှိ နွားခြံအနီးမှာလည်း ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကစပြီး MNDAA က စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။