ဓာတ်ပုံ- Local

ခိုင်လေး၊ မတ်လ ၉ ရက်၊ သိန္နီ

ကိုးကန့်တပ်မတော် – MMDAA ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္နီမြို့တံတားမှာ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြား မရှိတဲ့ယာဥ်တွေကို ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံတွေ အခက်ခဲကြုံနေရတယ်လို့ ရွှေဖီမြေ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အရင်က “ဝ”ဒေသနဲ့ ကိုးကန့်ဒေသမှာ နှစ်ဖက်လူကြီး သဘောတူညီ၊ နားလည်မှုကြောင့် “ဝ” ဒေသက ကားလိုင်စင်ဆို ကိုးကန့်တွေဘက်သွားလာလို့ရပြီး ကိုးကန့်က ကားလိုင်စင်တွေဆိုလည်း “ဝ” ဒေသကို လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်လို့ ဆိုပါတယ်။

“ရှေ့ရက်တွေမှာက မစစ်ဘူး။အဲ ၄ ရက်နေ့မှာဘဲ ရုတ်တရက်ထစစ်တာ။ ကားတစ်စီးကို ရှစ်သောင်းပေးပြီး လုပ်ရတယ်။ ‌မနည်းဘူး‌လေ။ ဟိုဒေသကိုသွားရင်လည်း လုပ်ရ၊ ဒီဒေသလည်းလုပ်ရ အဲလိုကြတော့ ပြည်သူတွေအတွက် နစ်နာရတယ်လေ”

အရင်က ကိုးကန့်ဒေသဘက်ကို “ဝ” လိုင်စင်ကတ်ပြားရှိရင် ယာယီယာဉ်မောင်းနှင်ခွင့်ကတ်ပြား‌တွေမလိုဘဲ သွားလာလို့ ရတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစ သိန္နီတံတားမှာ ရုတ်တရက် (ရှောင်တခွင်) စစ်‌ဆေးတာကြောင့် ရပ်‌ဝေးကလာတဲ့ ဟိုပန်က ခရီးသည်တွေအတွက် အခက်အခဲကြုံတွေ့ စေခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြား မလုပ်ရသေးတဲ့ ယာဥ်တွေကို ဖြတ်သန်းသွားလာခွင့်မပေးတာကြောင့် ဟိုပန်ဖက်ကလာတဲ့ ခရီးသည်တချို့ သိန္နီ မှာ အားလုံးတန်းစီပြီး ယာယီမောင်းနှင်ခွင့်ကတ်ပြား ပြန်လုပ်ကြရတယ် တချို့ယာဉ်တွေလည်း လှည့်ပြန်တာရှိတယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသအတွင်း ဖြတ်သန်းသွားလာကြမဲ့ ဘယ်လိုင်စင်၊ ယာဥ်မဆို သတ်မှတ်ထားတဲ့ ယာယီယာဥ်မောင်းကတ် လုပ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလည်း လားရှိုးမြို့မှာ ယာဥ်တစ်စီးကို ၁ သောင်းခွဲ နဲ့ ပြုလုပ်ပေးနေတာတွေရှိတယ်လို့ သိန္နီမြို့မှ တာဝန်ရှိသူတစ်ဦး ပြောဆိုထားတာရှိတယ်လို့ ဆိုပါတယ်။

ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မှာ အရင်ယာယီကတ်ပြားမတိုင်ခင်က (KK) ကတ်ပြားတွေ ပြုလုပ်ပေးခဲ့ပေမဲ့ လက်ရှိ (KK) ကတ်ပြားအစား ယာယီမောင်းနှင်ခွင့်ကတ်ကို ပြုလုပ်ပေးတာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။