ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ ဇွန်လ ၂ ရက်၊ မုံးကိုး

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့ရှိ ကျေးရွာတချို့မှာ ၅ နှစ်ကြာတဲ့အထိ စာသင်ကျောင်းတွေ ပိတ်ထားရတာကြောင့် ကျောင်းပြန်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ပန်စီတိုင်း၊ နမ့်ဟာ၊ နမ့်ဝါ၊ မန်ကောင်း(ပန်ဟိုင်)၊ ရှောက်ရွှေစင်၊ ဖာငပ်ရွာ(ရွာသစ်) စတဲ့ကျေးရွာတွေမှာ ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်ကနေ အခု ၂၀၂၅ ခုနှစ်အထိ ၅ နှစ်ကြာ ကျောင်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့(MNDAA)နဲ့ ညှိကြည့်တာ သူတို့က တရုတ်ကျောင်း ဖွင့်ပေးဖို့ရာခိုင်နှုန်းများတယ်။ ဗမာကျောင်း မဖွင့်သေးဘူးနဲ့တူတယ်။ တရုတ်ကျောင်းတောင်မှ အခုချက်ချင်း မဖွင့်ပေးလောက်ဘူး။ တစ်နှစ်လောက် စောင့်ရအုံးမယ်ထင်တယ်။ ဒီနှစ်ကတည်းက ကျောင်းဖွင့်ချင်နေတာ။ ပိတ်ထားတာ ၅ နှစ်လောက်ရှိပြီလေ။ ကျောင်းတွေတောင် ပျက်စီးနေပြီ”

အခု ၂၀၂၅ ခုနှစ်မှာ ဒေသခံတွေက ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်နိုင်ဖို့ ကြိုးစားနေပြီး ဆရာ၊ ဆရာမ နဲ့ စာရေးကိရိယာတွေ အကူအညီလိုအပ်နေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

“မုံးကိုးမြို့ထဲ နဲ့ ဖောင်းဆိုင်ရွာမှာက မနှစ်ကတည်းက မြန်မာ ကျောင်းစဖွင့်တာ။ နောက်ကျောင်းတစ်ကျောင်းမှာ သူတို့က တရုတ်စာသင်ကျောင်း ဖွင့်ထားတယ်။ ကျန်တဲ့ ကျေးအုပ်စုတွေဘက်တော့ မဖွင့်​ပေးသေးဘူး”

MNDAA တပ်က မုံးကိုးမြို့ထဲနဲ့ ဖောင်းဆိုင်ကျေးရွာက စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ကျေးရွာတွေမှာတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

မုံးကိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှာ MNDAA တပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။