ဓာတ်ပုံ- Local

အင်းငယ်၊ ဧပြီ ၂ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ပဆေးလာရွာအနီး ပေ ၁၀၀ ကျော်နက်တဲ့ တွင်းတစ်ခု ပေါ်လာတာကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို ဗဟိုပြုပြီး ၇.၇ မီတာစကေး ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်ပြီးနောက် မတ်လ ၂၉ ရက်မှာ ပေါ်လာတာဖြစ်ပြီး နေ့စဉ် ဖြည်းဖြည်းချင်း တအိအိနဲ့ ပြိုကျနေတယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူ စစ်ဘေးရှောင်တစ်ဦးက “လှုပ်တာပြီးတော့ မြေကြီး အက်လာပြီး အဲတွင်း ပေါ်လာတယ်။ အပင်ကြီးတစ်ပင် တွင်းထဲ ဝင်သွားတယ်။ တစ်ဖြည်းဖြည်း တွင်းက ကျယ်လာတယ်။ ကျနော်တို့ နေတဲ့နေရာတောင် အောက်မှာ ကလိန်ပေါက်ကြီး ဖြစ်နေမလား ကြောက်နေရတယ်” လို့ ပြောပါတယ်။

အဲဒီတွင်းဟာ အကျယ် ပေ ၁၀၀ ကျော် ရှိနိုင်ပြီး နေ့တိုင်း ဆက်ပြိုကျနေမယ်ဆိုရင် ဒီထက်မက တွင်း ပိုကျယ်လာနိုင်တဲ့အပြင် ပတ်ပတ်လည်က စစ်ဘေးရှောင်စခန်းတွေအပေါ်လည်း အန္တရာယ် ကျရောက်လာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီတွင်းကို လာရောက် ကြည့်ရှုသူ များနေပြီး တော်လှန်ရေး အင်အားစုတွေက တွင်းထဲ မဆင်းကြဖို့ တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။

အလားတူ ကရင်ပြည် ကော့ကရိတ်မြို့နယ်တောင်ပိုင်း လန်းဖားရွာအနီးမှာလည်း မြေငလျင်ဒဏ်ကြောင့် ပေ ၃၀ ခန့်နက်တဲ့ တွင်းတွေ ပေါ်လာတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်အတွင်း ကရင်နီပြည်မှာ ဘုရားကျောင်းအနည်းငယ် ထိခိုက်မိတာကလွှဲလို့ ကျန်တာကြီးကြီးမားမား ထိခိုက်မှု မရှိပေမဲ့ နန်းစံဖူးချောင်းဟာ ရေ ၃ ပေကျော် ကျဆင်းပြီး အရောင် ပြောင်းနေတာကြောင့် အသုံးပြုလို့ မရသေးဘူးလို့ ဒေသတွင်း စစ်ဘေးရှောင်တွေက ပြောဆိုပါတယ်။‎

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။