ဓာတ်ပုံ- KSPVN

မြတ်နိုး၊ မတ်လ ၁၅ ရက်၊ မချမ်းဘော

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နမ်ခမ်ရွာရှိ လယ်ယာမြေမှာ လတ်တလော စက်ကြီးနဲ့ ရွှေ အလွန်အကျွံ တူးဖော်လာလို့ စိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“လယ်မြေတွေမှာ တူးနေတာ။ စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံ တူးနေတော့ ဒေသခံတွက အဲဒီ လယ်က စပါးတွေကိုပဲ မှီခိုနေကြရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတချို့က လယ်ခြံတွေကို ခရိုနီတွေဆီ ရောင်းစားလိုက်တာမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပူတာအိုမြို့နယ်ရဲ့ နေရာတော်တော်များများမှာလည်း ရွှေ အလွန်အကျွံ တူးဖော်လာနေတာ တွေ့ရတယ်လို့ ပူတာအိုဒေသကို စောင့်ကြည့်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“နမ်ခမ်က မချမ်းဘောမြို့နယ်ထဲက ဟုတ်တယ်။ အခု ဖတ်မာနဲ့ မူလာ ‌ေချာင်းဆုံ ဘက်မှာလည်း ရွှေတူးနေတာ တစ်လ လောက် ရှိပြီ။ ဘားထီခီဆိုတဲ့လူနဲ့ ခရိုနီ အုပ်စုက ခေတ်ပျက်ထဲ ဒေသခံတွရဲ့ မြေကို ဝယ်ယူပြီး ရွှေတွေ အလွန်အကျွံ တူးယူနေတာ။ ဖတ်မာနဲ့ မူလာ ‌ေချာင်းဆုံက ပူတာအို မြို့နယ် ဟုတ်တယ်”

ဖတ်မာဘက်မှာတော့ ဘားထီခီ ခရိုနီအုပ်စုက သိန်း ၂ ထောင်၊ အောက်ပြည်က တက်လာတဲ့ ခရိုနီအုပ်စုက သိန်း ၈၀၀ ပေးပြီး တူး နေတာဖြစ်လို့ ရွာခံတွေလည်း ငွေ ယူထားတော့ ငြိမ်နေတယ်လို့ ဆိုပါတယ်။

အောက်ပြည်က ခရိုနီအုပ်စုက မူလာချောင်းဆုံမှာ ရွှေတူးပြီး ဘားထီခီ ခရိုနီအုပ်စုက ဖတ်မာချောင်းအထက်မှာ ရွှေတူးနေကာ ပူတာအို နေရာအနှံ့မှာ ရွှေတူးနေတာတွေ များလာတာကြောင့် ထိန်းချုပ်ဖို့ လိုနေပြီလို့ သူက ပြောပါတယ်။

မြေ ရောင်းစားလိုက်တဲ့ ဒေသခံတွေက ငြိမ် နေပေမဲ့ ဒေသခံ အများစုကတော့ လယ်မြေအပြင် ခြံတွေထဲမှာပါ ရွှေ အလွန်အကျွံ တူးလာတာကြောင့် ဒေသတွင်း စိုက်ပျိုးမြေ ပျက်ကာ ဆန်စပါး မလုံလောက်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မချမ်းဘောနဲ့ ပူတာအိုမြို့နယ်ကိုတော့ လက်ရှိမှာ စစ်ကောင်စီက ထိန်းချုပ်ကာ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။