ပုံစာ – မနေ့ မေလ ၃၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ နမ်ဆန်မြို့တွင်းတစ်နေရာက မြေပြိုမှု

လွေထွေး၊ ဇွန်လ ၁ ရက်၊ နမ့်ဆန်

မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်က နေရာတချို့နဲ့ ကျေးရွာပိုင်းတွေမှာ မြေပြိုတာတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ မြေပြန့်ရာနေရာနဲ့ ခြောက်သွေ့တဲ့ နေရာတွေမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ နမ့်ဆန်ဒေသခံတချို့နဲ့ တက်ကြွလူငယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ဒီနေ့ ‌ဇွန်လ ၁ ရက်အထိ ၂ ပတ်နီးပါးကြာအောင် နေ့စဉ်မပြတ် မိုးရွာသွန်းနေတာကြောင့် တောင်ကုန်းနဲ့ တောင်တန်းဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ်က နေရာ တချို့မှာ မြေပြိုတာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့နေ တက်ကြွလူငယ်အမျိုးသားတစ်ဦးက “အခုကတော့ မြေပြိုတာ သပ်သပ်ဘဲ။ ကျန်တဲ့အန္တရာယ်တွေ မဖြစ်သေးပေမဲ့ မိုးက ဆက်တိုက်ရွာနေတာ။ နေတောင်မမြင်ရတာ ၁၀ ရက် လောက်ရှိပြီ။ မြေနိမ့်ပိုင်းတို့ မြောင်းလိုနေရာမှာ နေတဲ့လူတွေ ကမ်းပါးအရမ်းမတ်တဲ့ နေရာမှာ နေတဲ့လူတွေ သတိပြုနေထိုင်ရမယ်။ မြေသားနည်းနည်းမာတဲ့နေရာ၊ ပြန့်တဲ့နေရာမှာ ပြောင်းနေနိုင်ရင် ပိုအန္တရာယ်ကင်းတယ်” လို့ ပြောပါတယ်။

လူထုတွေအနေနဲ့ မိုးလေဝသသတင်းကို အမြဲနားစွင့်ကြဖို့နဲ့ မိမိအိမ်က ရေမြောင်းတွေကို မပိတ်အောင် လုပ်ဆောင်ပေးမှ မြေပြိုတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် အသက် ၄၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးလည်း “မြင့်မားမတ်ဆောက်တဲ့ တောင်စောင်းအောက်ကနေ ခတ္တခဏရွေ့ပေးကြပါ။ သက်တမ်းရင့်ပြီး အိုမင်းဆွေးမြေ့နေတဲ့ သစ်ပင် သစ်ကိုင်းတွေရဲ့အောက် ခတ္တမိုးခိုတာ မလုပ်ကြဖို့နဲ့ အိမ်အနီးမှာ ဆွေးမြေ့နေတဲ့ သစ်ပင်တွေကို ရှင်းလင်းကြပါ” လို့ ပြောပါတယ်။

အလားတူ နမ့်ခမ်း၊ မန်တုံ စတဲ့မြို့နယ်က နေရာတချို့မှာလည်း မြေပြိုတာတွေ ဖြစ်ပွားနေတာ‌ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ကလည်း မိုးအဆက်မပြတ်ရွာတာကြောင့် မြေပြိုမှုဖြစ်ပြီး နမ့်ခမ်းမြို့နယ် ပန်ဆေးအုပ်စု ဝါလုရွာက ကလေးတစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို မန်ကန်ရွာက ကလေးတစ်ဦးလည်း မြေပိသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။