ဓာတ်ပုံ – Local

ပို့လဘား၊ စက်တင်ဘာ ၈ ရက်၊ နမ့်ခမ်း

တအာင်းတပ် PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အတွင်းက ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ TNLA က အသိပေး ကြေညာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကစပြီး KTV ဆိုင်တွေကို ပိတ်ထားဖို့ TNLA က တရားဝင် အသိပေးထားတာဖြစ်ပြီး ဆိုင်ပိတ်ထားဖို့ ကြေညာထားတဲ့ ကာလအတွင်းမှာ စည်းကမ်းချိုးဖောက်ပြီး ဆိုင်ဖွင့်တာတွေ ရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

“ဘာကြောင့် ပိတ်ရလဲဆို‌တာတော့ လက်ရှိ နိုင်ငံရေးအခြေနေကြောင့်ပါ။ ခိုးဖွင့်တဲ့ ဆိုင်ရှိရင် လက်မှတ်ထိုးခိုင်းတယ်။ ပထမအကြိမ် သူတို့ကို ဘာလုပ်ခိုင်းမလဲ။ ဒုတိယအကြိမ် ဘာလုပ်ခိုင်းမလဲဆိုတာ ရှိတာပေါ့နော်။ ၄ ရက်နေ့တုန်းက ဆိုင်တစ်ဆိုင် ခိုးဖွင့်ထားတာရှိလို့ လက်မှတ်ထိုးရတယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

KTV ဆိုင်တွေ ပြန်လည်ဖွင့်လှစ်လို့ရမယ့် အခြေအနေရောက်ရင်တော့ ပြန်လည် အသိပေးသွားမယ်လို့လည်း ပြောဆိုပါတယ်။

“နမ့်ခမ်းမှာလည်း သတင်းတွေ အမျိုးမျိုးထွက်နေတော့ နိုင်ငံရေးရှုပ်တော့ ခဏလေးပဲ ပိတ်လိုက်တာ။ ဒီအတောအတွင်းပဲ ပိတ်မယ်ထင်တယ်။ ပြန်ဖွင့်လို့ရပြီဆိုရင် သူတို့ပြောလာမှာ” လို့ နောက်ထပ်‌ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာလည်း KTV ဆိုင်တွေ ပိတ်ထားပြီး တခြားမြို့တွေမှာတော့ အခုလို ပိတ်တာမရှိဘူးလို့ ဆိုပါတယ်။

ကချင်တပ်မတော် KIO/KIA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာလည်း KTV ဆိုင်၊ နိုက်ကလပ်နဲ့ ဘားတွေကို ပိတ်သိမ်းဖို့ KIO အုပ်ချုပ်ရေးငှာနက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ အသိပေးကြေညာထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။