ဓာတ်ပုံ – The Kokang

မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ အထူးဒေသ (၁) မှာ ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီလို့ MNDAA က ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

လက်ရှိမှာ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီး ကိုးကန့်ဒေသနဲ့ မုံးကိုးမြို့တွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ရှမ်းမြောက် သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်ထဲက နေရာတွေကိုပါ ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

လောက်ကိုင်မြို့ကို အထူးဒေသ (၁) ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပြီး ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင်ဆိုပြီး အုပ်ချုပ်သွားမှာဖြစ်တယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်ဟာ ကိုးကန့်ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၅ ရက်ကို MNDAA ရဲ့ ဒေသအုပ်ချုပ်ရေးကော်မတီက “ပြန်လည်ထူထောင်ရေးနေ့” အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို ၁၄ နှစ်ကြာ ဆင်နွှဲခဲ့ပြီးနောက် ကိုးကန့်ဒေသရဲ့ မူလပိုင်နက်နယ်မြေကို ပြန်လည်ရယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ တာမိုးညဲ၊ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့တွေကို ထိန်းချုပ်ထားခဲ့ပြီး ၎င်းတို့အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

၎င်းတို့ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကိုတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစလို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား အပစ်ရပ်ထားကြတာလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။