ရွှေဖီမြေ၊ မေလ ၂၄ ရက်
ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တပ်စခန်းကို မနေ့ မေလ ၂၃ ရက် ညနေ ၅ နာရီမှာ KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
ဘလယ်ဒိုတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တာကြောင့် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာလည်း ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ−၂၄) တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မော်ကွီးလု တပ်စခန်းကို KNLA နဲ KNDO တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။