ဓာတ်ပုံ – BPLA

မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ ဘီးလင်း

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA, ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ BPLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNU ရဲ့ တပ်မဟာ(၁)မှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရွှေဖီမြေကို ပြောပါတယ်။

“စစ်သုံ့ပန်းတွေကိုတော့ ကျနော်တို့နဲ့ မဟာမိတ်တွေရဲ့ စစ်သုံ့ပန်းမူဝါဒနဲ့အညီ စနစ်တကျ ဆေးကုသမှုပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာလက်နက်အပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို KNLA နဲ့ BPLA အပြင် ပြည်သူ့ကာကွယ်ရေးတပ်- PDF နဲ့ Force for Federal Democracy- FFD တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ မဲပလီဗျူဟာစခန်း လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။