ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ မေလ ၁၅ ရက်

ထိုင်း-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း-ခလရ ၂၄၊ အမြှောက်တပ်-အမတ ၃၁၁ တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၉ ဦးသေဆုံး ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပိုင်ကျူံမြို့နယ် ကာတဲကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ခြေလျင်တပ်ရင်း ခလရ-၂၄၊ အမြောက်တပ် အမတ-၃၁၁ တို့ အခြေစိုက်ထားတဲ့ တာလယ်ဗျူဟာစခန်းကို မေလ ၁၃ ရက် ညနေပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ခလရ−၂၄ ဒုတပ်ရင်းမှူးက ထွက်ပြေးလွတ်မြောက်နေပြီး KNU အနေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံ ဖမ်းဆီး နေတယ်လို့ဆိုပါတယ်။

တာလယ်ဗျူဟာ စခန်းကို ၁၉၈၆ ခုနှစ်မှာ စစ်ကောင်စီတပ်က တည်ဆောက်ခဲ့ပြီး ၎င်းတို့တည်ဆောက်တဲ့ အချိန်ကစပြီး အနီးဝန်းကျင်မှာရှိ တဲ့ကျေးရွာတွေရဲ့ ဒေသခံတွေ အနေနဲ့ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်တွေကို ဆုံးရှုံးခဲ့ရပြီး အဆိုပါစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အနီးအနားရှိကျေးရွာ‌တွေ အနေနဲ့မူလအခြေအနေ‌တွေအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။