လွေးထွေး၊ မတ်လ ၂၆ ရက်

မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်တပ်မတော်- KNU/KNLA ဌာနချုပ်အနီး ၃၆ နှစ်ကြာ နေရာယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေး တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မနေ့ မတ်လ ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်မှာ KNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကတည်းက KNLA က ဦးဆောင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဟုတ်ပါတယ် ၃၆ နှစ် ကြာပြီးမှ ကျနော်တို့လက်ထဲ ပြန်ရောက်လာတာ။ အဲစခန်းက ကျနော်တို့ ဌာနချုပ်နဲ့ အနီးဆုံးစခန်း ဖြစ်တယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

စခန်းမကျဖို့အတွက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အပြင် Y12 ပါ အသုံးပြုတိုက်ခိုက်ခဲ့သလို တပ်သားတချို့က စခန်းအတွင်းရှိ လက်နက်တချို့ကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အလောင်း ၂ လောင်းအပြင် လက်နက် ၁၃ လက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ရေးသားထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း KNLA တပ်မဟာ(၇)နယ်မြေထဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူ တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က နှစ်ပတ်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။