မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ဖယ်ခုံ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့် ၅ ရက်ကြာ ပိတ်မယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ တပ်ရင်း(၃)နဲ့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ လူထုတွေ နေထိုင်တဲ့နေရာကို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် လုံခြုံရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၈ ရက်အထိ မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားမယ်လို့ ဖော်ပြထားပါတယ်။

အရေးကြီးကိစ္စရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့ KNDF ရဲ့ တပ်ရင်း(၃)နဲ့ မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့မှာ ဒီရက်ပိုင်းအတွင်း မြေပြင်တိုက်ပွဲ ငြိမ်သက်နေပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီဘက်က စစ်ကြောင်း ထိုးနေတာတော့ ရှိတယ်။ လေကြောင်း တိုက်ခိုက်မှုတွေလည်း နေ့စဥ်လိုလို ရှိတယ်။ မိုးဗြဲထဲတော့ ဒေသခံတွေ မရှိတော့ဘူး”

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၂၂)ကျန်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး စစ်တပ်က မိုးဗြဲမြို့ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုလည်း နေ့စဥ်လိုလို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မိုးဗြဲမှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား ၁ လလုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်ထဲက ဇန်နဝါရီလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကတော့ မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။