ဓာတ်ပုံ- KSP

အင်းငယ်၊ ဇန်နဝါရီ ၁၀ ရက်၊ လွိုင်ကော်

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း ရာဇဝတ်မှု ၁၄၉ မှုအထိ ဖမ်းဆီးရမိတဲ့အထဲ မူးယစ်ဆေးဝါးအမှု ၇၅ မှုနဲ့ အများဆုံး ဖြစ်တယ်လို့ ကရင်နီပြည် ရဲတပ်ဖွဲ့- KSP ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ် အာဏာ မသိမ်းခင်ကာလကတည်းက ကရင်နီပြည်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေး အကြောင်းပြကာ ရောင်းဝယ်သုံးစွဲသူ ပိုများလာတာပဲ ဖြစ်ပါတယ်။

KSP ဒုရဲချုပ်(၂) ကိုဘိုဘိုက “မူးယစ်ဆေးမှုတွေမှာ ထောင်ဒဏ် ဘယ်လောက်ဆိုတာက သူကျူးလွန်တဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားတာပေါ့။ များသောအားဖြင့် ရောင်းဝယ်ဖောက်ကားတယ်။ လက်ဝယ်တွေ့ရှိတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချလို့ရတာပေါ့” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် လက်ရှိ KSP အနေနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်နေပေမဲ့ ရောင်းဝယ်ဖောက်ကားသူ အများစုဟာ ကျန်ရှိနေဆဲ ဖြစ်တာကြောင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံတွေ အနေနဲ့ မူလအရင်းအမြစ်ကို ဖော်ထုတ်ပြီး ဖြတ်တောက်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ပြဿနာဟာ ကရင်နီ ပြည်သူတွေအတွက် အန္တရာယ် ကြီးမားလွန်းတာကြောင့် အမြစ်ပြတ် ပပျောက်ရေးအတွက် အသိပညာ ပေးတာ၊ ရှောင်တခင် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ ဆောင်ရွက်နေတယ်လို့ ဒုရဲချုပ် ၂ ကိုဘိုဘိုက ဆက်ပြောပါတယ်။

“မူးယစ်ဆေးဝါး အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲတွေကို မြေပြင်စခန်းတွေအလိုက် တတ်နိုင်သလောက်ပေါ့။ ကျောင်းတွေမှာ အသိပညာပေး ဟောပြောပွဲ လုပ်နေတာတွေ ရှိပါတယ်။ ပြီးရင်လည်း နယ်မြေတွေအလိုက် စစ်ဆေးရေးဂိတ်တွေမှာ ရှောင်တခင် စစ်ဆေးတာတွေ လုပ်ပြီးမှ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေကို တားဆီးရန်အလို့ငှာ လိုက်လံ ဖမ်းဆီးတာတွေ ရှိပါတယ်”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ တရားရေးရာ ဌာနမှူးကြီး ခူးတော်ရယ်အက်စ်ကလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ မူဝါဒအသီးသီး ရှိကြပေမဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအများဆုံး ဖမ်းမိတဲ့အမှုဟာ စစ်ကောင်စီတပ်သား ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ သူလျှိုမှုတွေဖြစ်ပြီး လက်ရှိမှာလည်း ရုံးထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ၂၀၂၅ မှာ KSP အနေနဲ့ ရဲစခန်း ၁၄ ခု၊ ရဲကင်း ၁၈ ခုအထိ ဖွင့်လှစ်ထားနိုင်ပြီး အင်အား ၆၃၈ ဦးနဲ့ IEC စိုးမိုးနယ်မြေဖြစ်တဲ့ ကန္တာရဝတီ၊ ကြယ်ဖိုးကြီး၊ ဘောလခဲ၊ မိုးဗြဲမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းစဉ် ဆောင်ရွက်နေကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။