ရွှေဖီမြေ၊ အောက်တိုဘာ ၁၄
မန္တလေးနဲ့မိုးကုတ်လမ်းအတွက် အရေးပါတဲ့ ဖော့တောလမ်းဆုံကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းဘက်ကနေ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ လနဲ့ချီကြာမြင့်ခဲ့ပြီးနောက် အခုရက်ပိုင်းအတွင်း ပြန်လည်ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။
“သပိတ်ကျင်းကနေ ဖော့တောထိ လမ်းပိုင်းတော့ စကစက ရသွားပြီ။ တိုက်ပွဲကတော့ မနားသေးဘူး။ ဆက်ဖြစ်နေတုန်းပဲ”လို့ ဆိုပါတယ်။
ဖော့တောလမ်းဆုံကို စစ်ကောင်စီထိန်းချုပ်လိုက်နိုင်တာကြောင့် စဉ့်ကူး-မိုးကုတ်လမ်းပိုင်းကို စစ်ကောင်စီက ဖြတ်တောက်လိုက်နိုင်ပြီဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာကြောင့် ဖော့တောလမ်းဆုံဟာ တော်လှန်ရေးတပ်တွေအတွက်ကော စစ်ကောင်စီတပ်အတွက်ပါ အရေးပါတဲ့ လမ်းဆုံ ဖြစ်ပါတယ်။
ဖော့တောလမ်းဆုံကို ထိန်းချုပ်လိုက်တဲ့အတွက် စစ်ကောင်စီတပ်ဟာ မိုးကုတ်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။