ဓာတ်ပုံ – SAC (Telegram)

မိုင်းရူပ၊ အောက်တိုဘာ ၁၇ ရက်၊ သီပေါ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီး မြို့ပြင်မှာလည်း ပစ်ခတ်သံတွေ ဆက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၇ ရက်မှာ စစ်ကောင်စီတပ်က သီပေါမြို့ရဲ့ နေရာအများစုကို ပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး သီပေါ – နမ္မတူသွားလမ်း မြို့ပြင်ရှိ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း-၅၀၃၊ ၅၀၄ တပ်မှာ ပစ်ခတ်သံတွေ ဆက်ကြားနေရတယ်လို့ ဆိုပါတယ်။

“မြို့တွင်းထဲက ပစ်ခတ်သံတွေ မကြားရတော့ဘူး။ အသံတွေက တဖြည်းဖြည်းနဲ့ ဝေးဝေးသွားတယ်။ ၅၀၃၊ ၅၀၄ ဘက်မှာတော့ လက်နက်ကြီးသံတွေ ကြားရသေးတယ်” လို့ သီပေါဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ သီပေါမြို့လယ်မှာ ရောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကြိုဆိုနေတဲ့ ဓာတ်ပုံတွေနဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ ဝါဒဖြန့် ဖော်ပြနေတာတွေ တွေ့ရပါတယ်။

တအာင်းတပ်ဘက်ကတော့ သီပေါမြို့အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထာတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က သီပေါမြို့ကို ပြန်ရဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ပတ်ကျော်အကြာမှာ သီပေါမြို့ကို ပြန်ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။