ဓာတ်ပုံ- CJ

မိုင်းရူပ၊ အောက်တိုဘာ ၁၆ ရက်၊ မိုးမိတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ ရက် ည ၆ နာရီ ၂၀ မိနစ်မှာ မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက်ထဲကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ပေါင် ၂၅၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ ရာ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။

” ရဲစခန်းအနီးမှာ လာကြဲတာ။ အမျိုးသမီးတစ် ယောက် နောက်ကျောမှာ ဒဏ်ရာရတာရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ အိမ် ၂ လုံး ပျက်စီးသွားတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်နဲ့ မန်တုံမြို့တွေကို လေယာဥ်နဲ့ နေ့စဥ်လိုလို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ရာ သေဆုံးသူ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။

၂ ပတ်ကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး (၄) ဦးအပါအဝင် (၃၃) ဦးသေဆုံးခဲ့ပြီး ကလေး (၉) ဦးအပါအဝင် (၄၀) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တအာင်းတပ်ဘက်ကတော့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး အရပ်သားလူထုတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။