အောက်တိုဘာ ၂၁၊ သပိတ်ကျင်း
ဒီနေ့ အောက်တိုဘာ ၂၁ရက် ညနေ ၆နာရီ ဝန်းကျင်ခန့် သပိတ်ကျင်းနယ်ထဲက ဇရပ်ကွင်းကျေးရွာထဲက ရွာလယ်တံတားအနီးကို စစ်ကောင်စီဘက်က ဒရုန်းတဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁နှစ်အရွယ် ၅ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁နှစ်မပြည့်သေးတဲ့ ကလေးငယ် ၁ဦး၊ အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၂ဦးတို့ ဖြစ်ပြီး အနည်းဆုံး ၈ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ ဒရုန်းတွေအများကြီးလာနေတယ်။ အခုထိ လာချနေတုန်းပဲ။ ထိခိုက်မှုကတော့ အဲမှာပဲ သိရတယ်။ အစုလိုက်အပြုံလိုက်ပဲသေတာ။ ဒဏ်ရာရတာကတော့ ထပ်တိုးနိုင်တယ်”လို့ ဆိုပါတယ်။
လက်ရှိရွှေဖီမြေက သတင်းရေးသားနေတဲ့အချိန်ထိ စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ ဆက်တိုက်ဗုံးကြဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းနယ်ဘက်ကနေ ဖော့တောလမ်းဆုံကို ထိပ်းချုပ်ပြီးနောက် မိုးကုတ်အပြင် ဇရပ်ကွင်းဘက်ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဒီနေ့ နေ့လည် ၃နာရီကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း ဖူဆယ်ကွင်းထဲကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။