ယာရူစိင်၊ နိုဝင်ဘာ ၁၇ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ တအာင်းတပ် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စပ်ဆက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

သီပေါမြို့နယ် စံဖိတ်ရွာနဲ့ မြို့ပေါ်ရှိ ရပ်ကွက်တချို့က ဒေသခံ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က ထပ်မံဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

“နေအိမ်ချိတ်ပိတ်တာတော့ စစ်ကောင်စီဘက် ဒီတလောအတွင်း ထပ်ပိတ်တာမျိုးတော့ မတွေ့ရသေးဘူး။ ဖမ်းဆီးတာက ပိုများလာတာ”လို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ အသက် ၂၃ နှစ်အရွယ် ယဉ်အေးဆိုသူဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ ဦးထဲမှာ အသက် ၇၁ နှစ်အရွယ် အဘိုးအို ၁ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“လူငယ်ပိုင်းတွေကိုကျ ပြန်မလွှတ်ဘူး။ စစ်မှုထမ်းစာရင်းထဲကို ထည့်လိုက်တာ ဖြစ်ဖို့များပါတယ်။ သိသလောက်ဆို ဖမ်းဆီးခံရတဲ့ သူတွေက လူလတ်ပိုင်းတွေက ပိုများပါတယ်”လို့ နောက်ထပ် ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၎င်းတို့ ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့က ဒေသခံတွေကို နေ့စဉ်ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် TNLA အမှတ်အသားဖြစ်တဲ့ တံဆိပ်၊ အလံ၊ ပြက္ခဒိန်၊ တအာင်းထီလက်မှတ်၊ ဓာတ်ပုံ စတဲ့ပစ္စည်းတွေကို တွေ့ရှိရင်လည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် ‌မနက် ၁၁ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့ နယ်မြေ (၃) ထဲမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်း‌ဆီးသွားခဲ့ပါသေးတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။