ယာရူစိင်၊ အောက်တိုဘာ ၁၄ ရက်၊ သီပေါ

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က ပေါင် Y-12လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ သီပေါမြို့နယ် နားလွယ်၊ နမ့်ဟူးနွဲ့၊ ခါလိန်၊ မန်ဟဲနဲ့ ဂေါတန်ရွာအပါအဝင်စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“သီပေါမြို့ နားလွယ်ရွာကနေ ဘော်ကြိုအထိ ရှိသမျှကျေးရွာအများစုကို ကြဲသွားတာပါ။ လက်ရှိအချိန်ထိတော့ ထိခိုက်မှုတွေ မသိရသေးပါဘူး။ ရွာထဲကိုကြဲတာတော့ မဟုတ်ဘူး။ ကျေးရွာရဲ့ ဘေးပတ်လည်တွေမှာ ကြဲတာ။ ဒေသခံတွေတော့ ရှောင်ကုန်ကြပါပြီ။ လက်ရှိသိရတဲ့ စာရင်းကတော့ ခါလိန်ရွာမှာတော့ နေအိမ် ၃ အိမ်လောက်ပျက်စီးသွားတယ်”လို့ နောက်ထပ် မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု၊နေအိမ်အပျက်အစီးနဲ့ ပတ်သက်ပြီး ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့ နားခဲကျေးရွာအထိ ရောက်ရှိလာပြီး တအာင်းတပ် ထိန်းချုပ်ဒေသအများအပြားကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ၂ပတ်အတွင်း သေဆုံးသူ ၃၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။

၁ နှစ်ကျော်ကြာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ လားရှိုး – မန္တလေးလမ်းအပေါ်ရှိ ကျောက်မဲမြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ဘက်ကို ဆက်တိုက် ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။