ရွှေဖီမြေ၊ မေလ ၉ ရက်၊ မြိတ်

‎တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီတပ် အခြေစိုက်စခန်းကို ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်လာပါတယ်။

‎ထီးခီးစခန်းကို KNU/KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့‌က မေလ ၂ ရက်ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မေလ ၉ ရက် မနက်ပိုင်းမှာ တပ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

‎ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၇၃) အခြေစိုက်ထားတဲ့ ထီးခီးစခန်းမှာ စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့် အထိုင်ချ တပ်စွဲထားတယ်လို့ ဖော်ပြထားပါတယ်။

‎ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှုအပါအဝင် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အခြေအနေတွေကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိ‌သေးပါဘူး။

‎ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ထီးခီးစခန်းနဲ့ ၇ မိုင်ခန့်အကွာက စစ်ကောင်စီရဲ့ ထီးထာဗျူဟာကုန်းကို KNLA နဲ့ မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၉၇ ခုနှစ်မှာ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ ၆၆ ဦးဆောင်တဲ့ တပ်ရင်း ၂၀ ခန့်က မေဂျာအော်ပရေးရှင်းအနေနဲ့ ထီးခီးဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်မှာ ထီးခီးဒေသကို လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

‎KNLA အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ထီးခီးဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်းရှိ လူထုတွေရဲ့ အသက်အိုးအိမ် ကာကွယ်ရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။