ဓာတ်ပုံ- ခင်ဦး ပကဖ

လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၁၃ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကနေ ခင်ဦးဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၁၁ ကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၅၀ ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာရှိ စစ်တပ် အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက် အင်အား ၁၀၂ ဦးနဲ့ စစ်ကြောင်း ထိုးလာချိန် တော်လှန်ရေးတပ်က ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၅၀ ဦး သေဆုံးခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

ရှင်းလင်းရေး ဆက်မလုပ်နိုင်သေးတာကြောင့် စစ်တပ်ဘက်က သေဆုံးမှု ပိုများနိုင်တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရေဦး ပကဖ တာဝန်ခံတစ်ဦးက “အခုလက်ရှိ အသေ ၅၀ ကျော် တွေ့ရပါတယ်။ ရှင်းလင်းရေး ဆက်မလုပ်နိုင်သေးလို့ပါ။ သေဆုံးမှုက ထုတ်ပြန်ထားတဲ့ ၅၀ ထက် ပိုများနိုင်တယ်” လို့ ပြောပါတယ်။

သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကတော့ MA-1 နှစ်လက်၊ MA-3 နှစ်လက်၊ MA-4 တစ်လက်၊ G3 ၇ လက်၊ MA-6 တစ်လက်၊ MA-N တစ်လက်၊ ကာဘိုင် ၅ လက်၊ စလေယာ တစ်လက်၊ လေးလက်ဒရုန်း တစ်စီး၊ ဂျန်ဘာအကြီး တစ်လုံး၊ ပါဝါစတေရှင် တစ်လုံး၊ လက်ပ်တော့ တစ်လုံး၊ ၄၀ မမဗုံးတစ်လုံးနဲ့ အီနာဂါ ၃ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ခင်ဦးပကဖအပြင် ကန့်ဘလူခရိုင် ပကဖ၊ ကာဘိုးတိုက်နယ်ပကဖ၊ ကျောက်တိုင်ပကဖ၊ ရေဦးမြို့နယ် လက်ရုံးပကဖ၊ PDF၊ ပြည်သူ့လုံခြုံရေး(ပလဖ) စုဖွဲ့တပ်ခွဲတို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။