ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဧပြီ ၂၁ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောကျေးရွာက ကိုးတောင်ဘို့တောင်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲချမှုကြောင့် မိသားဝင် ၆ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီ ၂၀ ရက် ညနေ ၆ နာရီခွဲမှာ ဒေါ်မူချို ကုန်စုံဆိုင်တည့်တည့် ပစ်ချခဲ့တာကြောင့် မိသားဝင် ၆ ဦး သေဆုံးပြီး ဘေးအိမ်က ၂ ဦးလည်း ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “မနေ့ညနေမှာ ဂျက်လေယာဉ်နဲ့ လာရောက် ပစ်ချသွားတယ်။ ဒေါ်မူချို ကုန်စုံဆိုင်အပေါ် ကျတာ။ သူတို့ မိသားစုဝင် ၆ ဦး သေတယ်။ ဘေးအိမ်က ၂ ယောက်လည်း ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ရဲ့ နေအိမ်တစ်လုံးပါ မီးလောင်သွားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ်ပြီး နောက် အမျိုးသား ၂ ဦးကတော့ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး ၃ ဦးထဲက တစ်ဦးဟာ ၈ လသားအရွယ် ကလေးငယ်တစ်ဦးရဲ့ မိခင်ဖြစ်ပြီး ကလေးငယ်ကတော့ အသက်ရှင်လျက် ကျန်ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ရေထွက်ရွာကို လေကြောင်းနဲ့ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၂၄ ဦး သေဆုံးပြီး ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။