ခိုင်လေး၊ မတ်လ ၁၅ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်ကြီးတစ်ပါးအပါအဝင် ၃ ဦး‌ သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်က ဆူးဝင်း၊ ဝယ်တောင်ရွာ ဘုန်းကြီးကျောင်းနဲ့ ဝယ်တောင်ရွာ မြောက်ပိုင်းကို မကွေးလေတပ်မှ ဂျက်ဖိုက်တာ နှစ်စီး၊ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီး စုစုပေါင်း ဂျက်ဖိုက်တာသုံးစီးနဲ့ တိုက်ခိုက်ခဲ့တာလို့ We Love Myaing မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘူး။ လေကြောင်းနဲ့ ၆ ကြိမ် တိုက်ခိုက်ခဲ့တယ်။ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပြိုကျခဲ့တယ်။ အဲမှာဘုန်းကြီးတစ်ပါး၊ ကိုရင်သုံးပါး၊ ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာ ရတယ်”

တိုက်ခိုက်မှုကြောင့် ဝယ်တောင်ရွာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၃၀ ကျော်အရွယ် ကိုရင်းကြီးတစ်ပါးနဲ့ ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဆူးဝင်းရွာက ဒေသခံတွေရဲ့ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဝယ်တောင်ရွာ မြောက်ပိုင်းဘက်မှာလည်း လေကြောင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေရဲ့နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် နေ့လယ် ၃ နာရီခွဲခန့်က ဆိပ်ဖြူ ကပစ ၂၂ မှ စက်တပ်လေထီးတစ်စီးနဲ့ ပေါက်မြို့နယ် အရှေ့ပိုင်း ထောက်ရှာပင်ရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး‌ သေဆုံးခဲ့ပြီး ကျောင်းသားတစ်ဦးလည်း ဒဏ်ရာ ရခဲ့ပါတယ်။

အလားတူ မတ်လ ၃ ရက်ကလည်း ပခုက္ကူခရိုင် မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရွာတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။