ဓာတ်ပုံ- Local

လွေးဇွန်မိုး၊ မေလ ၄ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ တအာင်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဘာသာပေါင်းစုံ တွေ့ဆုံဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆုတောင်းပွဲကို မနေ့ မေလ ၃ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပဋိပက္ခတွေကြား မလိုလားအပ်တဲ့ ဘာသာရေးပဋိပက္ခ မဖြစ်စေဖို့နဲ့ ဒေသတွင်း စည်းလုံးချစ်ကြည်စွာ နေထိုင်သွားကြဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာလို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မြန်မာ့ကပ်ဘေးအမျိုးမျိုးက ကျော်လွှားနိုင်ကြဖို့ ဆုတောင်းခဲ့ကြတယ်။ ကိုးကွယ်ရာ ဘာသာအလျောက် အချင်းချင်း လေးစားရိုင်းပင်းကူညီသွားကြဖို့နဲ့ ချစ်ကြည်လက်တွဲစွာ နေထိုင်သွားကြဖို့ ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့တာဖြစ်တယ်”

ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ဘာသာကြီး ၄ ခုက သက်ဆိုင်ရာခေါင်းဆောင်နဲ့ ဗမာ၊ ရှမ်း၊ ကချင်၊ တအာင်း၊ ဂေါ်ရခါး စတဲ့လူမျိုးအလိုက် စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။