မိုင်းအရှိုင်း၊ ဇူလိုင် ၁၁ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၇ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၁၀ ဝန်းကျင်မှာ လာရောက်ကြဲချခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
“ရေလည်မော် ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၇ ဦးထိခိုက်။ အမျိုးသား ၁ ဦး၊အမျိုးသမီး ၁ဦးသေဆုံးပါတယ်”လို့ ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၁ ရက် လူတွေအိပ်မောကျချိန် မနက် ၁ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းမြို့နယ် စစ်ရှောင်တွေ ခိုအောင်းတဲ့ လင်းတလူးရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင် အနည်းဆုံး ၃၀ဦး သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီမနက်ပိုင် ၃ နာရီဝန်းကျင်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဗုံးကြဲချခဲ့ပြီး နောင်ချိုစစ်ရှောင် ၁ဦးလည်း သေဆုံးသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။