ဓာတ်ပုံ – Google

အင်းငယ်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNA အတွက် ဒေသခံတွေက ထမင်းထုပ် ပို့ပေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

စံကားမြို့အနီး ထီရီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်အတွက် မှော်ဘီရွာအပါအဝင် တောင်ဘက်တစ်ကြောရှိ ကျေးရွာအားလုံးကို ဖေဖော်ဝါရီလအတွင်း ထမင်းထုပ် ပို့ပေးဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ထီရေးရွာမှာ နေထိုင်တဲ့ ကရင်နီ စစ်ဘေးရှောင်တစ်ဦးက “ကြက်ဥဟင်း မပို့ရလို့ သတ်မှတ်ထားတယ်။ ဟင်းကတော့ ကောင်းရတယ်။ ဟင်းမကောင်းရင် ဒဏ်ကြေး ရှိတယ်။ ထမင်း မပို့ဘူးဆိုရင် မွေးထားတဲ့ကြက်တွေ ပေးရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ပူးပေါင်းတပ်အတွက် ထမင်းထုပ်ကို ၃ ရက်ခြားတစ်ရွာအလှည့်ကျ ပြောင်းပြီး အိမ်တစ်အိမ်ကို ထမင်းထုပ် ၉ ထုပ်နှုန်းနဲ့ ပို့ပေးရတယ်လို့ သိရပါတယ်။

ထမင်းထုပ် အလှည့်ကျသူတစ်ဦးက “အသားဟင်းချက်ရင် တစ်ပိဿာတောင် မလောက်ချင်ဘူး။ ထမင်းက ၉ ထုပ်လေ။ သူကြီးကိုယ်တိုင် လိုက်ပို့ရတယ်” လို့ ပြောပါတယ်။

ထမင်းထုပ်ကို မနက် ၅ နာရီ နောက်ဆုံးထား ပို့ဆောင်ရတာကြောင့် ချက်ပြုတ်ရတဲ့ ရွာခံတွေအတွက် အိပ်ရေးပျက်တာ ကြုံတွေ့နေရပြီး ကားရှိတဲ့ အိမ်တွေက အလှည့်ကျ ပို့ပေးရတာကြောင့် ငွေကြေးကုန်ကျမှု များလာတယ်လို့လည်း ဆိုပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ရေး တင်းမာနေပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့သလို ၂၄ ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုလို စစ်ရေး တင်းမာမှုကြောင့် အင်းလေးတောင်ပိုင်းဒေသက ကျေးရွာတွေဟာ ထီရီးရွာမှာ တိမ်းရှောင်နေရပြီး စစ်တပ်က စစ်ဘေးရှောင်တွေအပေါ် အနိုင်ကျင့် အမြတ်ထုတ်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။