ဓာတ်ပုံ- CJ

ခိုင်လေး၊ ဧပြီ ၈ ရက်၊ စစ်ကိုင်း

‎စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း မင်းကွန်းဒေသမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ရှားပင်တိုက်သစ် စာသင်တိုက်မှာ ကူညီကယ်ဆယ်ရေး ရောက်လာတာ မရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ကူညီကယ်ဆယ်ရေး မရောက်ရှိတဲ့ မင်းကွန်းဒေသမှာ စစ်တပ်နဲ့ PDF တိုက်ပွဲ ဖြစ်ပွားနေတာရှိပြီး အဲဒီမှာ ပျူစောထီး အများစု ရှိပြီးတော့ စစ်ကောင်စီတပ် ဂိတ်တွေကို ဖြတ်ရင်လည်း စစ်ဆေးမှု တင်းကြပ်တာကြောင့် ကူညီကယ်ဆယ်ရေးအသင်းတွေက သိပ်မသွားရဲကြဘူးလို့ ဆိုပါတယ်။

‎”သူတို့တွေက မိုးကာတွေ လိုမယ်။အစားအသောက်တွေ လိုမယ်။ ဘုန်းဘုန်းအနေနဲ့က ပျက်စီးသွားတဲ့ ကျောင်းကို အသစ်ပြန်ဆောက်ချင်တာ။ ကိုရင်တွေက တအာင်းကိုရင်တွေ များတယ်။ သံဃာ တအားများလို့ နေရေးထိုင်ရေးကအစ ဒုက္ခရောက်နေတာ”

‎မင်းကွန်းဒေသမှာ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က အဲဒီဒေသဘက် အသွားအလာ တင်းကြပ်နေတယ်လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

‎”တော်ရုံ ရိုးရိုးကားတွေဆို ပေးမသွားဘူး။ အဲမှာက ပျူစောထီးတွေလည်း ရှိတယ်။ အဲကြောင့် အလှူရှင်တွေ သိပ်မရောက်ကြဘူး။ အဲမှာ စာသင်တဲ့ ကိုယ်တော်တွေ ရာကျော် ရှိမယ်ထင်တယ်။ အတိအကျတော့ မသိဘူး။ ကျနော်လည်း အလုပ်များတော့ အဲဒါတွေ မမေးဖြစ်လိုက်ဘူး”

‎မင်းကွန်းဒေသမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဖုန်းလိုင်းလည်း ဖြတ်တောက်ထားပြီး အနီးအနားမှာရှိတဲ့ ကျေးရွာက လူတွေလည်း ရွာတွေမှာ မနေရဲကြ‌တာကြောင့် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

‎မြသိန်းတန်အထိ စစ်တပ် ထိန်းချုပ်ထားတာဖြစ်ပြီး မြသိန်းတန်အကျော် အခြားဒေသတွေကိုတော့ PDF ဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

‎ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကျောင်းဆောင် ပြိုကျပြီး ကိုရင်တစ်ပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။

‎မ‌နေ့ ဧပြီ ၇ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၆၀၀ ဦး၊ ဒဏ်ရာရသူ ၅,၀၁၇ ဦးနဲ့ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိနေသေးကြောင်း ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။