ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၃၀ ရက်၊ အင်းလေး

ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ်ထဲ ငလျင်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို မီးသဂြိုလ်ပေးနေပြီး အဆောက်အဦး ပိမိပြီး ကယ်ထုတ်မရတဲ့သူ ထပ်ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ညောင်ရွှေမြို့နယ် နန်းပန်မြို့အနီးရှိ ရေပေါ်က ကျေးရွာတွေ အထိအခိုက် များပြီး ကေလာရွာမှာ အဆောက်အဦး ပိမိပြီး ကယ်ထုတ်လို့ မရသေးတဲ့သူ ထပ်ရှိနေတယ်လို့ ဆိုပါတယ်။

“ကေလာရွာတစ်အိမ် လူ ထုတ်မရသေးဘူး။ အသက်ကတော့ ဘယ်လိုမှ မရှင်နိုင်ဘူး။ မနေ့က ၃ ထပ်အိမ်ရဲ့ အောက်ဆုံးက နှစ်လောင်း ထုတ်တာ ဘက်ဖိုးတွေနဲ့ ထုတ်ရတယ်” လို့ အင်းလေးမှာ ကယ်ဆယ်ရေး လုပ်နေသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၂၉ ရက်အထိ ရရှိထားတဲ့စာရင်းအရ ကေလာရွာမှာ အလောင်း ၅၀ ကျော်၊ ကြတောရွာက ၅ လောင်းနဲ့ သလဲ့ဦးရွာမှာ ၂ လောင်း တွေ့ရှိထားပြီး နေအိမ် ထောင်နဲ့ချီလည်း ပျက်စီးခဲ့ပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ မနေ့အထိ စာရင်းအရ အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ နေအိမ် ၁,၉၂၇ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး သေဆုံး ဒဏ်ရာရသူ များနေပြီး အထင်ကရ နေရာတွေအပါအဝင် အဆောက်အဦး အများစုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

မနေ့ မတ်လ ၂၉ ရက် ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။