ဓာတ်ပုံ- Google (ပုံဟောင်း)

ရွှေဖီမြေ၊ စက်တင်ဘာ ၇ ရက်

ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ကာလအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ် ၂ဝ စီးထဲက ၁၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့ပြီးတော့ ၉ စီးက ပျက်ကျခဲ့ပြီး စစ်သား ၆ သောင်းကျော် သေဆုံးခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန- MOD က ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ စစ်ကောင်စီရဲ့ တပ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်အပါအဝင် ၆ သောင်းကျော် (၆ဝ,၃၃၁ ဦး)သေဆုံးခဲ့ပြီးတော့ ဒဏ်ရာ ရသူ ၂ သောင်းကျော် (၂၆,၉ဝ၅ ဦး)အထိ ရှိခဲ့ပြီး စုစုပေါင်း ၉ သောင်းနီးပါး ပြုန်းတီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဗုံး ကြဲချမှုနဲ့ သတ်ဖြတ်မှုအပါအဝင် ၄ နှစ်အတွင်း အရပ်သား ၁ သောင်းကျော် (၁၃,၃၅၃)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁ သောင်းကျော် (၁၆,၉၄၃ ဦး)နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅ သောင်းနီးပါး (၄၈,၉၁၁ ဦး)အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီး ၆ ခု၊ မြို့နယ် ၇၇ ခုမှ ကျေးရွာ ၃ ထောင်နီးပါး (၂,၇၇၅ ရွာ)က အိမ်ခြေ ၁ သိန်း ၃ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ လူထုတွေအပေါ် နေ့စဉ်နဲ့အမျှ သတ်ဖြတ်မှု စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်းနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို အလုံးစုံ ဖျက်ဆီးခဲ့သူဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ- SAC ကနေ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်- SSPC အဖြစ် ပြောင်းလဲခဲ့ပေမဲ့ ၎င်းတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု၊ အကြမ်းဖတ်မှု သမိုင်းဆိုးကို ဖျောက်ဖျက်ဖုံးကွယ်နိုင်မှာ မဟုတ်ကြောင်း ရေးသားထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေး ပါဝင်နေခြင်း အဆုံးသတ်ရေးဆိုတဲ့ ဦးတည်ချက်နဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တော်လှန်ရေးပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။