ဓာတ်ပုံ – Local

အင်းငယ်၊ ဖေဖော်ဝါရီ ၆ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုမှာ ပြည်ပသို့ ရောက်ရှိနေတဲ့ အမျိုးသမီးတွေအတွက် စစ်မှုထမ်းစရိတ် ၆ သိန်းနဲ့အထက် ကောက်ခံနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နောင်ကားကျေးရွာအုပ်စု လွယ်စင်းနဲ့ တဲခဲရွာမှာ ဖေဖော်ဝါရီ လဆန်းကတည်းက အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ခံနေပြီး ပြည်ပသို့ ရောက်ရှိနေသူတွေကို လူအစားထိုးစရိတ်အဖြစ် အခုလို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တဲခဲရွာအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “ပအိုဝ်းရွာတွေမှာ ဒီလို ကောက်တာတော့ မဆန်းတော့ပါဘူး။ အရင်ကတော့ PNO ကောက်တာပေါ့။ အခုကတော့ စကစပေါ့။ လူပဲ ပြောင်းသွားတာပါ။ ထည့်ရတာက အတူတူပဲ” လို့ ပြောပါတယ်။

အဲဒီကျေးရွာ ၂ ရွာက အမျိုးသမီး အများစုဟာ အရွယ်ရောက်စဉ်ကတည်းက ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင်နေကြပြီး အောက်ခြေသိမ်းအလုပ် ဖြစ်တဲ့အတွက် ရတဲ့လစာနဲ့ ပေးဆောင်ဖို့ အခက်အခဲ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာခံတွေအနေနဲ့လည်း တစ်ခါတည်း ပေးဆောင်ဖို့ ခက်ခဲတာကြောင့် ရွာသူကြီးကနေတဆင့် အကြိမ်ကြိမ် ခွဲဆောင်ရဖို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် နောင်ကားဒေသခံ အမျိုးသမီးတစ်ဦးက “ရွာမှာတော့ သိပ်မစိုးရိမ်ရပါဘူး။ တော်တော်များများက ထိုင်းမှာဆိုတော့လေ။ ပိုက်ဆံ ထည့်ဖို့ပဲ နည်းနည်း ဒုက္ခရောက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အမျိုးသမီး စစ်မှုထမ်းကို အသက် ၃၀ အရွယ်အထိ သတ်မှတ်ထားပေမဲ့ နောင်ကားကျေးရွာအုပ်စုမှာတော့ အသက် ၂၈ နှစ်အထိသာ စာရင်းကောက်ခံထားတာကို တွေ့ရပါတယ်။

မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ စစ်မှုထမ်း ရရှိဖို့ ခက်ခဲလာပြီး လက်ရှိမှာ အမျိုးသား အပတ်စဉ် ၁၀ အတွက်လည်း အပူတပြင်း ရှာဖွေနေရသလို လာမယ့်လတွေမှာ အမျိုးသမီး အပတ်စဉ် ၁ ကို ခေါ်ယူဖို့အတွက် အခုကတည်းက စာရင်းကောက်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။