ဓာတ်ပုံ – Local

အင်းငယ်၊ ဇန်နဝါရီ ၂၉ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေပြီလို့ ဒေသတွင်း လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်း တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမြို့ ရတနာသီရိနဲ့ ပြည်တော်သာရပ်ကွက်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၁ အမျိုးသမီး စစ်မှုထမ်းအတွက် မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ စတင်ကောက်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်တော်သာရပ်ကွက်ရှိ စစ်မှုထမ်း အကြုံးဝင်သူတစ်ဦးရဲ့ မိခင်ဖြစ်သူက “စာရင်းရှိဆိုပြီး အကုန်ကောက်သွားတာပါ။ ကျောင်းတက်တဲ့လူတွေရော၊ နိုင်ငံခြား သွားနဲ့လူရော အကုန် ပါ ပါတယ်။ စိတ်မပူဖို့တော့ ပြောတာပဲ။ ဘာကြေးညာကြေး ကောက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

အလားတူ တောင်ကြီးမြို့နယ် ၆ မိုင်ဘက်နဲ့ ဖာမွန်းကျော်ခေါင်ရွာမှာ လက်ရှိ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း အမျိုးသမီးတွေကို စစ်မှုထမ်း ခေါ်ယူဖို့ စတင်ကောက်နေပြီလို့ ဆိုပါတယ်။

လက်ရှိ တောင်ကြီးမြို့နယ်အတွင်း အမျိုးသမီး စစ်မှုထမ်းအတွက် စာရင်းကောက်ခံတဲ့နေရာမှာ အသက် ၁၈ ကနေ ၃၀ အတွင်း အမျိုးသမီးအများစု ပါဝင်ပြီး အသက် ၃၀ ကျော်တဲ့ ပညာရှင် အုပ်စုတွေကိုတော့ ထပ်မံ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ရတနာသီရိရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “ရတနာသီရိရပ်ကွက်က အုပ်ကြီးသား သားအိုဆိုတဲ့ကောင် စာရင်း လိုက်ကောက်နေတာပါ။ သူတို့ မိသားစုကို UG တွေဆုံးမပေးကြပါ။ အထက ၄ ရှေ့က High Great ဆိုင်က သူတို့ပိုင်တာပါ။ မြတ်တော်ဝင်ရှေ့မှာလည်း ရှိပါတယ်။ Boycott လုပ်ပေးကြပါ” လို့ ပြောပါတယ်။

ရှမ်းတောင်အတွင်း အမျိုးသမီး စစ်မှုထမ်း စာရင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လနှောင်းပိုင်းက ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ ပထမဆုံး စာရင်းကောက်ခံခဲ့ပြီး အခုတော့ တောင်ကြီးမြို့နယ်ကိုပါ ထပ်မံ ကောက်ခံလာတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ တတိယအပတ်မှာလည်း တောင်ကြီးမြို့နယ်ရှိ Non-CDM ဝန်ထမ်း ကျားမအားလုံးကို စစ်ကောင်စီက စစ်မှုထမ်းကြဖို့ ပြောဆိုစည်းရုံးခဲ့ပြီး စစ်မှုထမ်းဆောင်သူတိုင်းကို ရာထူးအဆောင်အယောင် ပေးမယ်လို့လည်း မက်လုံး ပေးထားတယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အခုလို စည်းရုံးမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အချို့ဟာ စစ်မှုထမ်းဖို့ စာရင်းပေးခဲ့ကြပြီး ရာထူးအဆောင်အယောင် တကယ်ရရှိမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

တောင်ကြီးမြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပြင် ပအိုဝ်းပြည်သူ့စစ်- PNA ရဲ့ တပ်သားသစ် စုဆောင်းမှုကိုပါ စိုးရိမ်ကြောက်လန့်နေရတဲ့ဒေသလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။