ဓာတ်ပုံ – Google

အင်းငယ်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ငှားခ စံချိန်တင် မြှင့်တက်နေပြီး ထိုင်းနိုင်ငံက ဈေးနှုန်းထက် ပိုမြှင့်လာနေတယ်လို့ တောင်ကြီးဘက် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အိမ်လုံးချင်းတစ်လုံးကို တစ်လ ပျမ်းမျှ ၅ သိန်းဝန်းကျင်သာ ရှိခဲ့ရာက လက်ရှိမှာ ၈ သိန်းကျပ်အထိ မြှင့်တက်နေတာ ဖြစ်ပါတယ်။

တောင်ကြီးရောက် ကရင်နီ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဈေးက တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ နေရာပြောင်းမယ်ဆိုတော့လည်း ဒီမှာပဲ လုပ်စားရတာ အဆင်ပြေတယ်လေ။ စစ်ဘေးရှောင်စခန်းသွားရင် လုပ်စားဖို့ကမရှိ။ သူများလှူတာလည်း အကြာကြီး ထိုင်မစားချင်ဘူး။ ပွဲစားတွေကြောင့် ဈေးတက်တာပါ” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ ပျှမ်းမျှ တစ်လဈေးနှုန်းအနေနဲ့ ကွန်ဒို ၅ သိန်း၊ ရိုးရိုးအိမ် ၈ သိန်း၊ ခြံဝန်းအနည်းငယ်ကျယ်တဲ့အိမ် ၁၀ သိန်းကျော် စတဲ့ပေါက်ဈေးအထိ ရှိနေတယ်လို့ ပွဲစားတွေဆီက သိရပါတယ်။

အိမ်ငှားခဈေးနှုန်း မြှင့်တက်တာအပြင် ငှားထားတဲ့ အိမ်တွေဟာ အနည်းဆုံး ၆ လ ချုပ်ရတာ၊ နေမယ့်လူဦးရေ သတ်မှတ်ထားပြီး အိမ်ရှင်က လာစစ်ဆေးတာကြောင့် ကုန်ကျစရိတ် ပိုများလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပင်လောင်းကနေ တောင်ကြီးမြို့မှာ ယာယီလာရောက်တိမ်းရှောင်သူတစ်ဦးက “ကျမသမီးဆို ထိုင်းမှာလေ။ ဟိုမှာတောင် တိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေ သာမန်ဆို ဘတ် ၃,၅၀၀-၄,၀၀၀ ဝန်းကျင်ပဲ။ အခုပေါက်ဈေးနဲ့ဆို တောင်ကြီးထက် အများကြီးနည်းတယ်။ အခြေခံပစ္စည်းတွေလည်း ပါတယ်။ အခုက လွန်လွန်းတယ်” လို့ ပြောပါတယ်။

တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်တွေဟာ သောက်သုံးရေနဲ့ မီတာခကိုလည်း ဈေးကြီးပေးဆောင်နေရတာကြောင့် တစ်လကို ပျှမ်းမျှ ၂ သိန်းခန့် ပိုကုန်ကျနေတယ်လို့လည်း သိရပါတယ်။

တောင်ကြီးမြို့မှာ နှစ်စဉ် နှစ်သစ်ကူးတစ်ခါရောက်တိုင်း အိမ်ငှားခ၊ အဆောင်ခ ဈေးတက်လေ့ရှိပြီး စစ်အာဏာမသိမ်းခင်က တစ်လ ပျမ်းမျှ ၂ သိန်း ပေးရတဲ့ အိမ်တွေဟာ လက်ရှိမှာ ၈ သိန်းအထိ ပေါက်ဈေး ရှိနေတယ်လို့ ငှားရမ်းသူတွေက ပြောဆိုကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။