ဓာတ်ပုံ- DPLA

မိုင်းရူပ၊ ဧပြီ ၂၂ ရက်၊ ရပ်စောက်

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုတပ်တော်- DPLA တည်ထောင်သူ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၁ ရက်မှာ ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသကနေ တောင်းခမ်းရွာဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ကျောက်ဂူဒေသတစ်နေရာမှာ DPLA နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့က တောင်းခမ်း စစ်ကူလာတဲ့ကားကို ဖြတ်တိုက်ရင်းနဲ့ တိုက်ပွဲ စဖြစ်တာ” လို့ ဓနုတပ် တည်ထောင်သူ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း DPLA နဲ့ ပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိသလို စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ချ အလင်းဝင်တာ ရှိတယ်လို့ ကိုထွန်းထွန်းနိုင်က ဆက်ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောက်ဂူဒေသအနီးရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတစ်ခုကို DPLA နဲ့ PDF တွေ လာရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရပြီး DPLA နဲ့ ပူးပေါင်းတပ်ဘက်က ၆ ဦး ကျဆုံးခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ရပ်စောက်-ကျောက်ဂူလမ်းဟာ တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းရွာဘက် စစ်တပ်က စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းမှာ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

မနေ့ ဧပြီ ၂၁ ရက်က တောင်းခမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က အဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း တောင်းခမ်းတိုက်ပွဲမှာ ပါဝင်တဲ့ DPLA က ထုတ်ပြန်ထားပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြှောက်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ် အခြေချ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။