ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၁ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူးမြို့ နန်းဖာလုံရပ်ကွက်မှာ ပျူစောထီးတစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ ချင်းလူငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျွန်းပင်သာနဲ့ မင်းသာရွာကို စစ်ကောင်စီပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှာ နန်းဖာလုံရပ်ကွက်က ကဗျာလေးဆိုင်မှာ စကားများပြီး ပျူစောထီးဖြစ်သူ ထွန်းထွန်းဦးမှ ပါလာတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အသိတွေပါ။ ဆိုင်မှာထိုင်ပြီး စကားပြောရင်း စကားရေလုပြီး ဖြစ်သွားတာပါ။ ရင်ဘတ်ကို သေနတ် နှစ်ချက်ပစ်လိုက်တာပါ။ ချက်ချင်း တမူးဆေးရုံ ပို့ပေမဲ့ အသက် မကယ်လိုက်ရဘူး။ ဆုံးသွားတယ်” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ နန်းဖာလုံရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ် ဆလိုင်း လက်မင်းထန် ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်းပင်သာနဲ့ မင်းသာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပူးပေါင်းတပ်က မနေ့မနက် ၁၁ နာရီဝန်းကျင်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“ကျွန်းပင်သာရွာမှာ နေအိမ် ၅၀ လောက် မီးလောင်ဖျက်ဆီးသွားတယ်။ မင်းသာရွာမှာ ၁၅ ဆောင်လောက် လောင်တယ်။ ညနေ ၅ နာရီအချိန်ထိ မီးက မငြိမ်းသေးတော့ အဲထက်လည်း ပိုများလာနိုင်သေးတယ်။ အခုအကြိမ်နဲ့ဆို ရွာကို မီးရှို့တာ ၃ ကြိမ် ရှိပါပြီ” လို့ ကျွန်းသာပင်ရွာခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျွန်းပင်သာနဲ့ မင်းသာရွာမှာ ပျူစောထီးမိသားစုဝင်တွေကလွဲရင် အရပ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အဲဒီကျေးရွာမှာ စစ်တပ်နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ ပျူစောထီး၊ ကသည်း၊ ရှမ်းနီတပ် တပ်စွဲထားပြီး တော်လှန်ရေးတပ်နဲ့ စစ်ရေးတင်းမာနေတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။