ဓာတ်ပုံ – CJ

ပို့လဘား၊ ဧပြီ ၈ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က ကျေးရွာတချို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPက ဆန်စက်ရုံပိုင်ရှင်‌တွေထံ ဆန် ၆ အိတ် တောင်းခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ ကျေးရွာမှာရှိတဲ့ ဆန်စက်ရုံပိုင်ရှင်တွေက တစ်နှစ်စာအတွက် ဆန် ၆ အိတ်‌နဲ့ ပေးဆောင်ခဲ့ရတယ်လို့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

SSPP တပ်ဟာ တစ်လကိုတစ်ကြိမ် ပုံမှန်ကောက်နေတာကြောင့် ဆန်စက်ပိုင်ရှင်တွေက အခွန်ကောက်တာ လျှော့ပေးစေချင်တယ်လို့ ပြောပါတယ်။

“သူတို့တောင်းတာ အရမ်းများလွန်းတယ်။ ကျနော်တို့ဘက် ပေးတာတွေလည်း ရှိပါတယ်။ သူတို့လာကောက်တဲ့အချိန်ဆို ဘယ် ၂ပြည်ပဲ ထည့်ခိုင်းထည့်ခိုင်း ထည့်ပေးတယ်။ TNLAဘက် လာကောက်ရင်လည်း ကျနော်တို့ ထည့်ပေးတယ်။ အခုကျတော့ အရမ်းများလွန်းတယ်။ ဆန်တစ်အိတ်ကို ၁ သိန်းခုနှစ်သောင်းရှိတယ်။ ၆အိတ်ဆိုတော့ ၁၀သိန်းဝန်းကျင်ရှိပြီလေ။ ဒီအခြေနေနဲ့ဆိုတော့ ကျနော်တို့ ဆန်စပါးကောင်းကောင်းမကြိတ်ရဘူး။ကျနော်တို့လည်း အကြပ်အတည်းကာလမို့လို့ လျှော့တောင်းစေချင်တယ်” လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

တအာင်းတပ်-TNLAဘက်က အိတ်လိုက်မတောင်းဘဲ ပြည်လိုက်ပဲ တောင်းတာကြောင့် SSPPဘက်ကလည်း လျှော့တောင်းစေချင်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆန်စက်ပိုင်ရှင်တွေဆီ အခွန်ပြေစာရွက်နဲ့ လာရောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ SSPPရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း SSPP တပ်ဟာ မူဆယ်မြို့မှာရှိတဲ့ ကုန်စုံဆိုင်နဲ့ ဆေးခန်းတွေကို အခွန်ဆောင်ကဒ်တွေ လိုက်လံပေးပြီး ခြိမ်းခြောက်ငွေ ငွေကောက်ခံသွားတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။