ဓာတ်ပုံ – Hein Htet Zaw

ပို့လဘား၊ မေလ ၂၈ ရက်၊ ရှမ်းတောင်

ရှမ်းတောင်မှာ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ ဂေါ်ဖီထုပ် တစ်ထုပ်ကို ၂၀၀ ကျပ်ပဲရလို့ တောင်သူတွေက အရှုံးပေါ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းတောင် အောင်ပန်းမြို့မှာ ထွက်ရှိတဲ့ အဲဂေါ်ဖီထုပ်တွေဟာ အထွက်နှုန်းများလာတာကြောင့် လက်ရှိအခြေအနေအရ အဝေးကို တင်ပို့လို့မရတဲ့အတွက်ကြောင့် တစ်ထုပ်ကို ၂၀၀ ကျပ်နဲ့ ၃၀၀ကျပ်သာ ရရှိနေတယ်လို့ ခြံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေဟာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၂၅၀၀ နဲ့ ၃၀၀၀ ကျပ်ရှိရာကနေ ဒီနှစ်မှာတော့ ၂၀၀နဲ့ ၃၀၀ကျပ်သာ ကျဆင်းလာပြီး ခြံပိုင်ရှင်တွေအနေနဲ့ ဂေါ်ဖီထုပ်ကို ခူးပြီးရောင်းချတာမျိုးမလုပ်တော့ဘဲ လိုအပ်သူတွေကို အခမဲ့ခူးခွင့်ပေးပြီး အခင်းမှာကျန်ရှိနေတဲ့ ဂေါ်ဖီထုပ်တွေကိုလည်း အခင်းလိုက်ဖျက်ပစ်နေရတယ်လို့ ဆိုပါတယ်။

“ဒီနှစ်က ပိုများတဲ့ရာသီဥတုဖြစ်တယ်ဆိုတော့လေ အပြန်အဆိုင်ထွက်ကြတယ်။ ဂေါ်ဖီထုပ်က ရေများရင် ထွက်ကြတယ်။ ကျနော်တို့က ပွဲရုံမှာ ၂၀၀ ပေးရင် အပြည့်အဝမရဘူး ကားခ၊အလုပ်သမားခတွေ ပွဲခတွေပေးရတယ်။ အဲလိုပေးရတာဆိုတော့ ကျနော်တို့ တောင်သူတွေက အပြည့်မရဘူးလေ။ ထမ်းခ ခုတ်ခက တစ်ထုပ် ၅၀ရှိတယ်၊ ကားအပေါ်ရောက်ရင်၊ ကားခလည်း အနီးအဝေးပေါ်မူတည်တာပေါ့။ အဲဟာကြောင့် ကျနော်တို့အတွက် ဘာမှမကျန်ဘူးလေ။ ဒီချိန်၂၀၀ဆိုတော့ ဘာမှမရဘူးလေ။ ဒီခေတ်ကာလဆိုရင် အဲ၂၀၀ က ကော်ဖီတစ်ထုပ်တောင်မရတော့ဘူးလေ။ အဲဒါကြောင့် ဘုန်းကြီးကျောင်း‌တွေလိုရင် ခုတ်ပြီး လှူပေးလိုက်တယ်”

ပြီးခဲ့တဲ့ နှစ်တွေမှာ ရန်ကုန်၊ မော်လမြိုင်နဲ့ မြဝတီ အပါအဝင် တခြားဒေသတွေက အခင်းအထိ လာရောက်ဝယ်ယူတာဖြစ်ပြီး ဒီနှစ်မှာတော့ လမ်းပိတ်ဆို့မှုကြောင့် လာရောက်ဝယ်သူနည်းသွားတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက ဒီရှမ်းတောင်မှာ ထွက်တဲ့ ဂေါ်ဖီထုပ်တွေက မြဝတီဘက်ဆင်းတာ။ အခုက ကားလမ်းပိတ်တာရယ်၊ မြဝတီဘက်မှာပိတ်နေတာရယ် နယ်စပ်တွေပိတ်နေတော့ ရောင်းမရတော့ဘူး။ ဗမာပြည်ဘက်မဆင်းဘူးဆိုရင် ဒီအောင်ပန်းမှာလည်း ဒီဟာတွေပဲ ထွက်နေတာဆိုတော့ မဝယ်စားဖြစ်တော့ဘူးလေ။ အခုလမ်းတွေလည်း ပိတ်နေတာဆိုတော့လေ ကြာကြာထားလို့မရဘူး။ ၃ ရက်လောက်ထားရင်လည်း ပုပ်ကုန်ပြီ။ အလကားလာယူခိုင်းရင်လည်း ဘယ်သူမှမယူဘူးလေ။ ကားခတွေဈေးကြီးနေလို့ ဆိုပြီး ပြောကြတယ်”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း အောင်ပန်းမှာထွက်တဲ့ ခရမ်းချဉ်သီးကို တစ်ပိဿာ ၃၀၀ကျပ်ပဲရလို့ တောင်သူတွေက အရှုံးပေါ်ပြီး အများအပြားသွန်ပစ်နေရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။