ဓာတ်ပုံ – Google (ပုံဟောင်း)

ပျားကြီး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ စစ်ကိုင်း

စစ်ကိုင်းမြို့ပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းက လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းချောင် ရှင်ဖြူရှင်လှဘုရားရှေ့မှာ ဒီနေ့မနက် အစောပိုင်းက လမ်းပေါ်မှာ သွားလာနေသူထဲက အသက် ၃၀ အောက် လူငယ်ကို စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ဆိုင်ကယ်နဲ့ အလုပ်သွားဖို့ လာတဲ့ကလေးတွေ ပါတယ်။ လမ်းလျှောက်လာတဲ့ လူတွေလည်း ပါတယ် အစုံပဲ။ အကုန်လုံး ကားပေါ် တန်းတင်ပြီး ခေါ်သွားတာ။ ဆိုင်ကယ်တွေပါယူသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အနီးအနားရပ်ကွက်နဲ့ မင်းကွန်းဒေသဘက်က ကျေးရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

စစ်အင်အား ပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်နဲ့ ရတနာပုံတံတားအပါအဝင် မြို့အဝင်အထွက် ဂိတ်ကနေ ဒီနှစ်ဆန်းပိုင်းကစပြီး စစ်မှုထမ်းဖို့ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ ဖမ်းဆီးခံရသူကို အနည်းဆုံး ကျပ်သိန်း ၈၀ ကနေ သိန်း ၁၀၀ အထိ ငွေညှစ်တောင်းယူပြီး ပြန်လွှတ်ပေးလေ့ရှိပေမဲ့ ဒီဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ပြန်လွှတ်ပေးတာ မရှိတော့ဘူးလို့ မန္တလေးမြို့ဘကို နေ့စဥ် အလုပ် လာရောက်လုပ်ကိုင်လေ့ ရှိသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းကစပြီး လက်ရှိအချိန်ထိ စစ်ကိုင်းမြို့နယ်ထဲ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၀၀ ကျော်ရှိပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူလည်း ၂၀ ကျော် ရှိနေသေးတယ်လို့ စစ်ရှောင် ကူညီပေးနေသူ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။