ဓာတ်ပုံ- Fire Dragon

‎ခိုင်လေး၊ ဧပြီ ၂၂ ရက်၊ ညောင်လေးပင်

‎ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်‌ကောင်စီ စစ်ကြောင်းကို Fire Dragon တော်လှန်‌ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်‌တပ်ဘက်က အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

‎ဧပြီ ၂၀ ရက် မနက် ၅ နာရီခွဲခန့်က အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပုဇွန်မြောင်းရွာထဲ ဒရုန်း၊ လေကြောင်းနဲ့ ပစ်ကူပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ P2-3703 Fire Dragon (မီးနဂါး) စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

‎”ရွာထဲကို စစ်ကြောင်းထိုးဖို့ လုပ်တာ။ မြေပြင်မှာ ထိုးတုန်း သူတို့က ဒရုန်းတွေနဲ့ရော လက်နက်ကြီးနဲ့ရော ကူပစ်ပေးနေတာလေ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘူး။ တိုက်ပွဲကတော့ နှစ်ဖက်လုံး စစ်ရေးတင်းမာနေတဲ့ အခြေအနေမျိုးတော့ ရှိတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎စစ်တပ်ဘက်က ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ကူတာ ရှိပေမဲ့ တော်လှန်ရေး ရဲဘော်တွေက နေရာယူထားတာကြောင့် ထိခိုက်တာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

‎စစ်တပ်ဘက်က ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အထိနာခဲ့တာကြောင့် ရှေ့ဆက် မတိုးတော့ဘဲ ပြန်ဆုတ်သွားခဲ့တာလို့ ဆိုပါတယ်။

‎စစ်တပ်ဟာ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေဘက် စစ်ကြောင်းထိုးပြီး ဒေသခံရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။