ယာရူစိင်း၊ ဇန်နဝါရီ ၁ဝ ရက်၊ ကျေးသီး

ရှမ်းတောင် ကျေးသီးမြို့မှာ စစ်မှုထမ်းဖို့အတွက် ရှမ်းပြည်တပ်မတော်- SSPP/SSA က အိမ်ထောင်စုစာရင်း လိုက်လံ ကောက်ခံနေပါတယ်။

အိမ်ထောင်စုစာရင်းတွေကို SSPP တပ် အခြေချတဲ့ မိုင်းနင်ရွာအထိ ရွာခံတွေကိုယ်တိုင် သွားပေးခဲ့ရတယ်လို့ သိရပါတယ်။

SSPP ဟာ တပ်သားသစ် စုဆောင်းဖို့အတွက် အတင်းအဓမ္မ ကောက်နေသလို ကျေးသီးမြို့ပေါ် ရပ်ကွက်မှာ နေထိုင်တဲ့ လူထုတွေကိုလည်း တစ်ရက်ကို ၁ ရပ်ကွက်နှုန်းနဲ့ စာရင်း လာပေးခိုင်းတယ်လို့ မြို့ခံအမျိုးသားတစ်ဉီးက ရွှေဖီမြေကို ပြောပါတယ်။

“မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်တဲ့ မိဘပြည်သူများကို အိမ်ထောင်စုစာရင်း ယူခိုင်းပြီး သူတို့အခြေချတဲ့ မိုင်းနင်ရွာအထိ အိမ်တိုင်း သွားပြခိုင်းပါတယ်။ ဒီလို သွားမပြခိုင်းတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို အရင်ခေါ်တွေ့တာ ရှိပါတယ်”

လူထုတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေသလို စစ်မှုထမ်းဖို့ စာရင်း ကောက်ပြီးရင်လည်း ဆန်၊ ငွေတွေပါ ကောက်လာနိုင်ချေ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ဒါကို စစ်ကောင်စီတပ်ဘက်က လျစ်လျူရှုပြီး မိဘပြည်သူများ အားကိုးရာ မဲ့နေတာဗျာ။ ပြောတော့ စစ်ကောင်စီ အုပ်ချုပ်မှုအောက်တဲ့ ဘယ်ဘက်ကိုမှ အားမကိုးရဘူး။ ကောက်လို့မရရင် ဝင်ဖမ်းမယ်တဲ့ စစ်တပ်နဲ့ ဘယ်လောက်နီးနီး မကြောက်ဘူးတဲ့။ အခု ညဘက်တွေဆို တစ်မြို့လုံးနီးပါး တိတ်ဆိတ်နေတာဘဲဗျာ။ ရှမ်းအဖွဲ့ပြီးရင် စစ်ကောင်စီအဖွဲ့က ထပ်ကောက်ပြန်ရော ဒီလိုနဲ့ ပြိုင်တူ ဒုက္ခပေးနေတာ”

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်မှာတော့ လူဦးရေ အယောက် ၈၀ ကောက်ယူခဲ့ပေမဲ့ ဒီနှစ်မှာတော့ လူဦးရေ အယောက် ၁၉၀ ထက်မနည်း စစ်မှုထမ်းဖို့ အိမ်ထောင်စုစာရင်း ကောက်နေတယ်လို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

အလားတူ ရှမ်းမြောက် ကျောက်မဲမြို့နယ် လွယ်မွန်းရွာမှာ SSPP က တပ်သားသစ် စုဆောင်းနေသလို တပ်သား မပေးနိုင်တဲ့ အိမ်တွေအနေနဲ့ သိန်း ၅၀ တောင်းတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။