ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၈ရက်၊ ငဖဲ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ စပ်စီကျေးရွာက ချင်းအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ လာရောက်ပြီး ဖမ်းဆီးကာ လက်တော့ပ်နဲ့ ဖုန်းတွေပါ သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၇ရက်နေ့၊ ညနေ ၂နာရီဝန်းကျင်မှာ ငဖဲမြို့ ကပစ တပ်ရင်းမှ စစ်ကောင်စီတပ် အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ ဆိုင်ကယ် ၇ စီးနဲ့ ရွာထဲဝင်လာပြီး တက်အိမ်တက်ဆင်း စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

“အဖမ်းခံရတဲ့ နှစ်ယောက်က သားအမိတွေပါ။ သံသယရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ သူတို့အိမ်က လက်တော့ပ်၊ ဖုန်းတွေပါ ယူသွားပါတယ်။ အိမ်တွေကိုလည်း ဝင်မွှေသွားပါတယ်။”လို့ ငဖဲမြို့နယ်ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးဟာ အသက် (၅၄) နှစ်အရွယ် ဒေါ်ပလွန် နဲ့ အသက် (၁၈) နှစ်အရွယ် မိုင်အက်စတာမန်းတို့ သားအမိတွေဖြစ်ပါတယ်။

ဒါ့အပြင် စပ်စီကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးပြီး ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ရွာက မူကြိုကျောင်းကို စစ်ဆေးတဲ့အချိန် ဘုရားကျောင်းမှာ မိုင်းတွေထောင်ထားသေးတယ်။ မူကြိုကျောင်းကနေ စစ်သားတွေ ပြန်ထွက်တဲ့ချိန်မှာ မိုင်းတွေက ပြန်ဖြုတ်ခဲ့ပါတယ်။ ကျောင်းကတော့ ဖျက်ဆီးခံလိုက်ရပါတယ်။” လို့ ငဖဲမြို့နယ်ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စပ်စီကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်တည်ရှိပြီး ချင်းလူမျိုးတွေနေထိုင်ကြတဲ့ကျေးရွာဖြစ်ပါတယ်။

မတ်လ ၃ရက်နေ့ကလည်း ငဖဲမြို့နယ် နတ်ရေကန် ဗျူဟာကုန်းကနေ ဒရုန်းနဲ့ စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လင်းတဲကျေးရွာက ချင်းအမျိုးသားတစ်ဦးသေဆုံးပြီး လူနေအိမ်အများပြား ပျက်စီးသွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။