ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၂ ရက်၊ နေပြည်တော်

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာအများစု ပြိုကျပြီး အလောင်းတွေ ထုတ်လို့ မရသေးတာကြောင့် အပုပ်နံ့ ဆိုးဆိုးဝါးဝါး ထွက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေရာတွေကို နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

“ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ တချို့ နိုင်ငံတကာ အဖွဲ့တွေလည်း ရောက်နေတယ်။ စစ်ရုံးလည်း ထိတယ်။ အပုတ်နံ့တွေလည်း တော်တော်ဆိုးနေတယ်” လို့ နေပြည်တော်မှ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်မှာ လွှတ်တော်အဆောက်အဦးအပါအဝင် စစ်ကောင်စီရဲ့ ဝန်ကြီးရုံးလည်း ပျက်စီးမှု အများစု ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ချိတ်ပိတ်ထားတဲ့ နေပြည်တော်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ နေအိမ်လည်း ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုဖြစ်ပြီး ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဧပြီ ၂ ရက်အထိ နေပြည်တော် ဥတ္တသီရိမြို့နယ် ဟိုတယ်အေးချမ်းမှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ထိခိုက်သေဆုံးသူ ၂,၈၈၆ ဦးနဲ့ ဒဏ်ရာရသူ ၄,၆၃၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၇၃ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။