ဓာတ်ပုံ- Local

ပျားကြီး၊ ဇွန်လ ၅ ရက်၊ မန္တလေး

စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရဲမှူး၊ ဒုရဲမှူးအဆင့်ရှိတဲ့ ရဲအရာရှိရဲ့ အိမ်တွေထဲအထိ ဖမ်းဆီးခံရမှု ရှိနေပြီး အထူးစုံစမ်းစစ်ဆေးရေး(စစစ)က တိုက်ရိုက် ကိုင်တွယ်တာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ့်အချင်းချင်းတောင် အထာမထားတော့ဘူးဗျ။ ဘယ်အချိန်ကတည်းက ဖမ်းချင်နေလဲ မသိဘူး။ အိမ်တွေထဲအထိ စာရင်းအတိအကျနဲ့ ဝင်ဖမ်းတာ” လို့ နေပြည်တော်မှ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း ဆိုင်ကယ်တွေကို နေရာအနှံ့ ပိတ်ဆို့စစ်ဆေးမှု ရှိနေသလို နေအိမ်တွေထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ စတင်တဲ့ မန္တလေးမြို့က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေဟာ ၃ ရက်အတွင်း ဆိုင်ကယ်စီးရေ ရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရသလို ခြိမ်းခြောက်ငွေညှစ်မှုပါ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

“ထောင်ထဲ သွားမလား ငွေ ပေးမလားဆိုပြီး ပေါ်တင် မေးတယ်။ ငွေမပေးရင် ထောင်ထဲ သွား ထောင်ကလွတ်ရင် စစ်မှုထမ်းထဲ ရောက်မယ်ဆိုပြီးပြောတာ။ ငွေပေးလိုက်မှ ပြန်လာရတယ်” လို့ မဟာအောင်မြေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ လိုင်စင်မဲ့ယာဉ် လိုက်လံ ဖမ်းဆီးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကိုယ်တိုင်က လိုင်စင်မဲ့ယာဉ် စီးနင်းပြီး ဖမ်းဆီးနေတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။