ဓာတ်ပုံ – Local

ပို့လဘား၊ ဖေဖော်ဝါရီ ၆ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း ‌မိုင်းပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၃ နာရီခွဲမှာ နမ့်ခမ်းမြို့နယ် ပန်ဆိုင်း‌ရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး နောင်တိန်းရွာမှာ ကြံ သွားခုတ်ရင်း မိုင်းပေါက်မိခဲ့တာပဲ ဖြစ်ပါတယ်။

“သူက ကြံခုတ်ရင်းနဲ့ သူသုံးတဲ့ဓားကို အဲဒီ‌ထောင်ထားတဲ့မိုင်း ခုတ်မိလိုက်တာ။ သူ့မျက်နှာနဲ့ရင်ဘတ် ထိတယ်။ သူ့ကို ဆေးရုံတင်ထားတယ်။ သူအခုချိန်ထိ စကားမပြောနိုင်သေးဘူး” လို့ ဖြစ်စဉ်သိရှိသူက ပြောပါတယ်။

မိုင်းပေါက်မိလို့ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားဟာ အသက် ၆၁ နှစ်ရှိတဲ့ စိုင်းဦးကျင်မောင်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ၁၀၂၇ စစ်ဆင်ရေး မစခင်ကတည်းက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP အခြေချ နေထိုင်ခဲ့တဲ့နေရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာမှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။