ဓာတ်ပုံ – Local

လွေးဇွန်မိုး၊ ဇူလိုင် ၂၇ ရက်၊ နမ့်လန်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ ဒေသခံတွေ ဝိုင်းဝန်းပြီး သူခိုးဖမ်းရာကနေ သူခိုး ၁၃ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင် ၂၆ ရက် နေ့လည် ၃ နာရီဝန်းကျင်က နမ့်လန်မြို့လယ်မှာ ပစ္စည်းလိုက်ခိုးဖို့လုပ်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒေသခံ ဝိုင်းဖမ်းမိတယ်။ မြို့လယ်က ဝိုင်းဖမ်းတာ။ ပစ္စည်းယူတဲ့အချိန်မိလို့။ မိန်းကလေးတော့ နောက်တစ်ခါ မလုပ်ဖို့ ဆုံးမပြီး လွှတ်ပေးလိုက်ပြီ။ အခုတလော သူခိုးတွေ အရမ်းများတယ်။ ကြောက်စရာကြီး။ တွေ့ရာ အကုန်ယူကြတာပဲ။ တချို့သူခိုးတွေဆို ဓားတွေပါ ကိုင်ကြတာ”

ဖမ်းမိထားတဲ့ သူခိုးတွေထဲက အမျိုးသမီး ၂ ဦးကိုတော့ နောက်တစ်ခါထပ်မလုပ်ဖို့ပြောပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ အမျိုးသား ၁၁ ဦးကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစီ သွားအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်ကနေ ဩဂုတ် ၁ ရက်အထိ ဒေသခံတွေပူးပေါင်းပြီး နမ့်လန်မြို့ထဲက သူခိုး ၃၄ ဦးကို ဖမ်းမိခဲ့ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ဒေသတွေမှာ ခိုးမှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်နေပေမယ့် စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိတာကြောင့် ဒေသခံတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖမ်းနေရတာဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။