ဓာတ်ပုံ – Local

လွေးထွေး၊ ဖေဖော်ဝါရီ ၉ ရက်၊ မြဝတီ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြှင့်နေပြီး နေရာတချို့မှာတော့ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၅ ရက်ကတည်းက ကျားဖျန့်တွေ အခြေချထားတဲ့ မြဝတီမြို့ဘက် ထိုင်းဘက်က လျှပ်စစ်မီးနဲ့ စက်သုံးဆီ ဖြတ်တောက်လိုက်တာပဲ ဖြစ်ပါတယ်။

မြဝတီဒေသခံ အမျိုးသားတစ်ဦးက “ဆီ စပိတ်ကတည်းက ဒီနေ့အထိ အလုအယက် တန်းစီပြီး ဝယ်ရတာ။ တချို့ ဆီဆိုင်က ပိတ်လိုက်ရပြီ။ အခု လူထုတွေ အရမ်းခက်ခဲနေကြပြီ။ ဘာလုပ်လို့ လုပ်ရမလဲ မသိကြဘူး” လို့ ပြောပါတယ်။

ထိုင်းဘက်က စက်သုံးဆီ ပိတ်လိုက်တာဟာ ကျားဖျန့်လုပ်ငန်းကို ထိခိုက်မှု မရှိစေဘဲ အခြေခံ လက်လုပ်လက်စား လူထုတွေကိုသာ တိုက်ရိုက် ထိခိုက်နေတယ်လို့လည်း နောက်ထပ် ဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲကျားဖျန်တွေက သူတို့ဟာသူတို့ ကိုယ်ပိုင်မီးနဲ့။ ဆီဆိုလည်း အရင်ကတည်းက အလုံအလောက် လှောင်ထားကြတာ။ အခု တစ်နေ့တစ်န့ ဒုက္ခရောက်နေကြတာက သာမန် ဈေးသည်တွေပေါ့။ ကျမတို့ဆိုင်ဆို ဆီတစ်စက်မှ မရှိတော့ မနေ့ကတည်းက ပိတ်လိုက်ရပြီ”

ဆီဈေး မြှင့်တက်တာနဲ့ ပြတ်လပ်တဲ့ ပြဿနာကို သက်ဆိုင်ရာက အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ အခြေခံလူထုတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း သူမက တောင်းဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မတိုင်ခင်အထိ မြဝတီမြို့မှာ ဓာတ်ဆီ၊ ဒီဇယ် တစ်လီတာကို ၆ ထောင်ဝန်းကျင်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ဖိုးဖမြို့နယ်က စစ်ဆေးရေးဂိတ်မှာ စက်သုံးဆီ ခိုးသယ်လာပြီး မြဝတီမြို့သို့ ပြန်ရောင်းမယ့် ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။