လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၇ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို တပ်သားအသစ်စုဆောင်းဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးနေပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထားတာမျိုးတွေ ရှိနေတယ်လို့ ဖြစ်စဉ်သိရှိသူ မိုင်းကိုင်ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တပ်သားအဖြစ် စုဆောင်းခြင်းခံသွားရတဲ့ တပ်သားအများစုဟာ SSPP ထိန်းချုပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)လုပ်ငန်းတွေမှာ လုံခြုံရေးအဖြစ် သွားလုပ်ခိုင်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ကျားဖြန့်တွေလည်း အများကြီးရှိတယ်။ SSPP က လိုက်ပြီး လုံခြုံရေးပေးနေတာ။ ရွာပိုင်းတွေမှာ ဖွင့်တာ တော်တော်ကိုများတယ်။ ဒေသခံတွေက ကျားဖြန်မှန်း မသိကြဘူး။ သူတို့က သင်တန်းကျောင်းဖွင့်နေတာလို့ဘဲ ဒေသခံတွေကို ပြောခိုင်းတာ။ ပြောရင်လည်း ဒေသခံတွေသိမှာမဟုတ်ဘူး။ ပြောင်းရွှေ့တာတွေ လုပ်ရင်လည်း ညပိုင်းဘဲ ပြောင်းရွှေ့တာ များတယ်”လို့ ပြောပါတယ်။

ကျားဖြန်တွေ ပြောင်းရွှေ့ဖို့ လုပ်တဲ့အချိန်မှာ စစ်ကောင်စီတပ်တွေဆီကို ငွေပေးပြီး ဖြတ်သွားဖြတ်လာ ပြုလုပ်တာမျိုးတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

လက်ရှိ မိုင်းကိုင်မြို့နယ် တောင်ပေါ်ကျေးရွာအချို့မှာ ဒေသခံ အမျိုးသားတွေကို တပ်သားအသစ်စုဆောင်းဖို့အတွက် ဘုန်းကြီးကျောင်းမှာ စုခိုင်းထားတာမျိုးတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပြည်ပရောက်ပြီး စစ်မှုမထမ်းနိုင်တဲ့ လူငယ်တွေကိုလည်း လူအစားထိုးခပေးဖို့ ၎င်းတို့ရဲ့ မိဘတွေထံ ငွေ သိန်းရာချီ တောင်းခံတာမျိုးလည်း ရှိတယ်လို့ ‌သိရပါတယ်။

“မိုင်းကိုင်နယ်အတွင်းက ကျေးရွာတွေအားလုံးကို စစ်ကောက်တာ။ အများစု တအာင်းတွေဘဲ။ ရှမ်းတွေက နည်းတယ်။ ရှမ်းဆို ဗိုလ်အဆင့်တွေဘဲ ရှိတယ်။ ကျန်တာ အကုန်လုံး တအာင်းလူငယ်တွေဘဲ။ နိုင်ငံခြားထွက်ရင်လည်း မိဘတွေဖမ်းပြီး ပိုက်ဆံ တောင်းတယ်။ နည်းတဲ့ ပမာဏမဟုတ်ဘူး” လို့ အထက်ပါသူက ဆက်ပြောပါတယ်။

SSPP လုံခြုံရေး ပေးထားတဲ့ ကျားဖြန်ရှိတဲ့ နေရာတွေဟာ ကပ်ဖွီးရွာက ၂ နေရာ၊ စုံလောရွာရဲ့ အောက်မှာ ၁ နေရာ၊ လုံစံရွာက ၁ နေရာနဲ့ ဟိုခဲရွာက ၁ နေရာရှိပြီး တစ်နေရာကို လူအင်အား ၅ ရာကနေ ၁ ထောင်အထိ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာလည်း နမ့်မော်ပျဉ်က ဒေသခံ ၃ ဦးကို SSPP တပ်က တားတာ မရပ်လို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကုန်ပေါင်း‌ကျေးရွာဘက်က သတင်းတွေ မထွက်ဖို့ SSPP တပ်က ဒေသခံတွေကို ဖိအား‌ပေး တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်သားသစ် စုဆောင့်တဲ့ကျေးရွာတွေဟာ နမ့်မော်ပျဥ်၊ စုံလော၊ လွိုင်လမ်၊ နမ်လိန်း၊ ပန်မွန်း၊ ပန်နိမ်း၊ လွိုင်ရွဲ ၊လုံစံ၊ ကုန်ပေါင်း စတဲ့ ကျေးရွာတွေအပြင် ကျန်တဲ့ကျေးရွာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒီကိစ္စ‌တွေနဲ့ ပတ်သက်ပြီး အချက်အလက်အသေးစိတ်သိရဖို့ SSPP တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းနဲ့ စာပို့ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။